အိမ်နီးချင်းအားလုံးကိုအသိ​ပေးလိုက်သည့် အိန္ဒိယ၏ပဲ့ထိန်းဒုံးကျည်သစ်

0
394

အိန္ဒိယသည် နျူကလီးယား စွမ်းရည်ရှိသော Agni V အက်ဂနီ ၅ ပဲ့ထိန်းဒုံးကျည်အားယခုသီတင်းပတ်အစောပိုင်းတွင် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ကီလိုမီတာ ၇၀၀၀ ကျော်အကွာရှိ ပစ်မှတ်များထိရောက်အောင်ပစ်ခတ်နိုင်သည်ဟုဆိုသည်။ထို့ကြောင့် Agni-V ကို အိန္ဒိယအတွက် ကြီးမားသော ဗျူဟာမြောက် တွန်းအားတစ်ခုအဖြစ် ရှုမြင်ထားကြသည်။

ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DRDO) သည် သံမဏိပေါင်းစပ်ပစ္စည်းများကို အစားထိုးခြင်းဖြင့် Agni V ဒုံးကျည်၏အလေးချိန်ကို လျှော့ချနိုင်ခဲ့ကြောင်းANI သတင်းဌာနမှဖော်ပြခဲ့သည်။

အိန္ဒိယအ​ရှေ့မြောက် Arunachal Pradesh (LAC) ၏ Tawang ဧရိယာရှိ နယ်စပ်ထိန်းချုပ်ရေးစည်းတစ်လျှောက် အိန္ဒိယနှင့် တရုတ်တပ်များကြားအငြင်းပွားမှုအသစ်ဖြစ်ပွားပြီး ရက်ပိုင်းအကြာတွင် ယခုစမ်းသပ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယက လက်နက်ဆန်းများနှင့်ပတ်သက်၍ “မိမိကစ၍ ဦးစွာအသုံးမပြု​ရေး” မူဝါဒရှိသော်လည်း Agni-V သည် တရုတ်နိုင်ငံကိုတုန်လှုပ်စေနိုင်သည်။

ယမန်နှစ်က အိန္ဒိယနိုင်ငံ​၏Agni-V တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံက သတိပေးချက်ထုတ်ပြန်ခဲ့ဖူးသည်။

တရုတ်နိုင်ငံတွင် ကြီးမားသည့်နျူကလီးယားလက်နက်များနှင့် Dong Feng-41 (12,000 မှ 15,000 ကီလိုမီတာ) ကဲ့သို့ဒုံးကျည်များရှိပြီးမည်သည့်အိန္ဒိယမြို့ကိုမဆို တိုက်ခိုက်နိုင်သည်။

အိန္ဒိယသည် တရုတ်နှင့် ပါကစ္စတန်တို့၏ ခြိမ်းခြောက်မှုကို တုံ့ပြန်ရန်အတွက် ၎င်း၏ တိုက်ခိုက်မှုစွမ်းရည်ကို မြှင့်တင်မည့် ရေငုပ်သင်္ဘောမှ ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်ကိုလည်း တီထွင်လျက်ရှိသည်။

Source:timesnownews.com


LEAVE A REPLY

Please enter your comment!
Please enter your name here