ဟိုပုံးမြို့နယ်တွင် PDF အဖွဲ့ဝင်များသယ်ဆောင်လာသည့် လက်နက်များနှင့်ဆက်စပ်ပစ္စည်းများအား ၆ ဘီးကားပေါ်မှဖမ်းဆီးရမိ

0
262

ရှမ်းပြည်နယ်၊ဟိုပုံးမြို့နယ်၊မိုင်းပျဉ်းကျေးရွာအုပ် စုအနီးတွင် သတင်းအရ ဒီဇင်ဘာ ၁၇ ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့နံနက် ၉ နာရီခန့်က လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ပင်လုံမြို့၊ဆနင်းကျေးရွာဘက်မှရပ်စောက်မြို့နယ်၊ပင်ဖြစ်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် ဒိုင်နာ(အပြာရောင်) ၆ ဘီးကားအား စစ်ဆေးရန်ရပ်တန့်ခိုင်းခဲ့သည်။

၆ ဘီးကားမှာရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက် ပြေးသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာကားမှာ ရပ်တန့်သွားခဲ့ပြီး လိုက်ပါလာသူများထွက်ပြေးသွားခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ကားအားရှာဖွေစစ်ဆေးရာ PDF အဖွဲ့ဝင်များလျှို့ဝှက်သယ်ဆောင်လာသည့် Type-81 အမျိုးအစားလက်နက် ၄၉၉ လက်၊ ၎င်းကျည်အိမ် ၄၉၈ ခုနှင့်အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

သိမ်းဆည်းရမိလက်နက်များနှင့်ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ လုံခြုံ ရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here