ပန်းပင်ပေါင်း ၃ သိန်းကျော်ပြသထားသည့် (၁၅)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

0
764

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့၊ပြင်ဦးလွင်အမျိုး သားကန်တော်ကြီးဥယျာဥ်၌ (၁၅)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်အား ဒီဇင်ဘာ ၁၈ ရက်က ဖွင့်ပွဲအခမ်းအနားဖြင့် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်ပန်းပွဲတော်၌ ပြည်တွင်းပြည်ပပန်းမျိုးစုံ ၂၅ မျိုး၊ မျိုးကွဲပေါင်း ၅၀ ကျော်၊အပင်ပေါင်း ၃ သိန်းကျော်အား အလှဆင်စိုက်ပျိုးပြသထားကာ စျေးဆိုင်ခန်းများ၊ ကလေးကစားကွင်းများ၊ ပျော်ရွှင်ဖွယ်အစီအစဥ်များ၊နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။

နိုင်ငံကျော်တေးသံရှင်များမှ ဒီဇင်ဘာ ၂၄ ရက်၊ ၂၅ ရက်၊ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နှင့်ဇန်နဝါရီ ၇ ရက်တို့၌ သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံမှပန်းအနုပညာရှင် Mr.Joe,”Rain Forest Thailand” က “Landscape design” အသစ်များအား ရေရှည်အစီအစဉ်ဖြင့် အဆင့်မြှင့်တင်ပုံဖေါ်‌ပေးထားကြောင်း သိရသည်။

ပြင်ဦးလွင်ပန်းပွဲတော်အား ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၁၅ ရက်အထိ တစ်လကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here