ရုရှားတပ်ဖွဲ့ဝင်များကိုစိတ်ဓာတ်မြှင့်တင်ရန် ရှေ့တန်းသို့ဂီတပညာရှင်များပို့မည်

0
320

တိုက်ပွဲဝင် စစ်သားများ၏ စိတ်ဓာတ်ကိုမြှင့်တင်ရန်အတွက် ဂီတပညာရှင်များကို ယူကရိန်းစစ်ပွဲ၏ရှေ့တန်းသို့ ပို့ဆောင်သွားမည်ဟု ရုရှားကကြေငြာခဲ့သည်။

ယခုသီတင်းပတ်တွင် ရှေ့တန်းတပ်မဟာပုံစံသစ်ဖွဲ့စည်းခြင်းကို ကာကွယ်ရေးဝန်ကြီးဌာနက ကြေငြာခဲ့ပြီး တေးဂီတသမားများနှင့် တေးသံရှင်များပါ၀င်သည်ဟုဆိုသည်။

ယခုကဲ့သို့ဖွဲ့စည်းလိုက်သည်ဟူသောသတင်းအား ဗြိတိန်ထောက်လှမ်းရေးဌာနမှတစ်ဆင့် သိရှိခဲ့ရခြင်းဖြစ်သည်။

မကြာမီဖြန့်ကျက် နေရာချတော့မည့် ဂီတသမားများပါဝင်သည့်တပ်မဟာသည် စစ်တပ်၏ စိတ်ဓာတ်မြှင့်တင်ရန် သမိုင်းတွင်အသုံးပြုခဲ့သည့် “စစ်တပ်ဂီတနှင့်ဖျော်ဖြေရေးအစီအစဉ်” စသည်နှင့်ဆင်တူသည်ဟု ယူကေကပြောကြားခဲ့သည်။

ယခုတပ်ဖွဲ့အသစ်အား အထူးစစ်ရေးစစ်ဆင်မှု၌ပါဝင်သူများကြားတွင် မြင့်မားသော ကိုယ်ကျင့်တရား၊နိုင်ငံရေးနှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေတို့ကိုထိန်းသိမ်းရန် တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်းသိရှိရသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here