ယူကရိန်းသမ္မတက ကမ္ဘာ့ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲကျင်းပပေးရန်တောင်းဆို

0
171

ကိဗ်၊ဒီဇင်ဘာ ၁၈

ဖီဖာကခွင့်ပြုရန်မဖြစ်နိုင်သော်လည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်မီ ထုတ်လွှင့်ရန် ကိဗ်ကမျှော်လင့်ထားသည့်ဗီဒီယိုတွင် ယူကရိန်းသမ္မတဗလာဒီမာဇလန်းစကီးက ယခုနှစ်ဆောင်းရာသီတွင် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေး ကျင်းပရန် အဆိုပြုခဲ့ကြောင်းသိရှိရသည်။

ဇလန်းစကီးသည် ဗိုလ်လုပွဲမတိုင်မီ ငြိမ်းချမ်းရေးသတင်းစကားမျှဝေခွင့်ပြုရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ကို တောင်းဆိုခဲ့ကြောင်း စီအင်န်အင်န်က သောကြာနေ့တွင်ဖော်ပြခဲ့သည်။

ရုရှားသည် ဖေဖော်ဝါရီလက ယူကရိန်းသို့ကျူးကျော်ဝင်ရောက်ခဲ့ပြီး အဆိုပါအရေးကြောင့် အရပ်သားထောင်ချီသေဆုံးကာ လူပေါင်းသန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

“ဒီနှစ်ဆောင်းရာသီမှာ Global Peace Formula Summit ကျင်းပဖို့ရှိပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကမ္ဘာတစ်ဝန်းကနိုင်ငံအားလုံး စည်းလုံးညီညွတ်ဖို့ ထိပ်သီးစည်းဝေးပွဲကျင်းပတာဖြစ်ပါတယ်” ဟု ဇလန်းစကီးကဆိုသည်။

သမ္မတဇလန်းစကီးသည် ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်မီ ဗီဒီယိုဖြင့် လူသန်းချီရှိသောပရိသတ်အား စကားပြောခွင့်ပေးရန်တောင်းဆိုခဲ့သော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကငြင်းဆိုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here