ရှမ်းပြည်နယ်၊နောက်ချိုမြို့နယ်ရှိ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဒီဇင်ဘာ ၁၇ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ယင်းနေ့ည ၇ နာရီ ၄၅ မိနစ်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များပါ၀င်သည့် ပူး ပေါင်းအဖွဲ့သည် အိုရီယမ်တယ်တိုးဂိတ်အနီး၌ ရီအောင်(၃၆)နှစ် မောင်းလာသည့်ဆိုင်ကယ်အားစစ်ဆေးခဲ့ကြသည်။
ဆိုင်ကယ်အတွင်းသိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၂၅၆၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်း ဆီးရမိသူအား နောင်ချိုမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။