ထိုင်းစစ်သင်္ဘောတစ်စင်းတိမ်းမှောက်ပြီး သင်္ဘောသား ၃၁ ဦးပျောက်ဆုံးနေ

0
291

ထိုင်းပင်လယ်ကွေ့တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိုင်းရေတပ်မှ အမှုထမ်း ၁၀၀ ကျော်တင်ဆောင်လာသည့် စစ်သင်္ဘောတစ်စင်း တိမ်းမှောက်ခဲ့ပြီး သင်္ဘောသား ၃၁ ဦးပျောက်ဆုံးနေကြောင်း ထိုင်းတော်ဝင်ရေတပ်မှ သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်သင်္ဘောမှာ HTMS Sukhothai ဖြစ်ပြီး၊ တနင်္ဂနွေနေ့ညပိုင်းက တိမ်းမှောက်ခဲ့ခြင်းဖြစ်ကာ သင်္ဘောသား ၇၅ ဦးကိုမူ ကယ်ဆယ်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

“သင်္ဘောတိမ်းမှောက်တာ ၁၂ နာရီကျော်ခဲ့ပြီဖြစ်ပေမယ့် ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးတွေကို ဆက်လုပ်နေဆဲပါပဲ”ဟု ထိုင်းရေတပ်ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။

ထိုင်းတော်ဝင်လေတပ်မှလည်း ကူညီရှာဖွေပေးလျှက်ရှိသည်။

“အထူးသဖြင့် အသုံးပြုနေဆဲ သင်္ဘောတစ်စီးအတွက် ဒါဟာ ကျွန်တော်တို့ တပ်ဖွဲ့ရဲ့ သမိုင်းမှာ တစ်ခါမှ မဖြစ်စဖူးသလောက်ပါပဲ” ဟု ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် Pogkrong Monthardpalin ကပြောကြားသည်။

သင်္ဘောသည် တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ Prachuap Khiri Khan ပြည်နယ် Bang Saphan အရှေ့ဘက် ၃၂ ကီလိုမီတာ (မိုင် ၂၀) အကွာတွင် ကင်းလှည့်နေစဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here