မီးလောင်မှုကြောင့် နေအိမ် ၁၀ လုံးကျော်ပျက်စီးဆုံးရှုံးခဲ့ရမှု မုဒုံမြို့တွင်ဖြစ် ပွား

0
157

မွန်ပြည်နယ်၊မုဒုံမြို့၊ကမာဝက်(၁၁)ရပ်ကွက်တွင် ဒီဇင်ဘာ ၁၉ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယင်းနေ့ည ၁ နာရီခွဲခန့်က မုဒုံမြို့၊ကမာဝက်(၁၁) ရပ်ကွက်၊ရှမ်းစုရပ်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ မုဒုံမြို့နယ်မီးသတ်ဦးစီးမှူးရုံး၊ကမာဝက်နယ်မြေမီးသတ်စခန်း/အရန်မီး သတ်စခန်း၊ညောင်ကုန်းအရန်မီးသတ်စခန်း၊နိုင်လုံအရန်မီးသတ်စခန်းတို့နှင့်လူမှုကူညီရေးအ သင်းများ၊ရပ်ကွက်နေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် ည ၂ နာရီ ၉ မိနစ်၌ မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှထုတ်ပြန်ခဲ့ပြီး ဖြစ်စဥ်ကြောင့် နေအိမ် ၁၃ လုံးပျက်စီးဆုံးရှုံးခဲ့ရသည်ဟု လူမှုကူညီရေးအသင်းများမှ သိရသည်။

“ဘယ်လိုကြောင့်လောင်တယ်ဆိုတာကတော့ မသိဘူးဗျ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး အိမ် ၁၃ လုံးတော့ဆုံးရှုံးသွားတယ်”ဟု ကူညီငြှိမ်းသတ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိပြီး မီးဘေးသင့်နေ အိမ်များ၌ နေထိုင်သူများယာယီနေထိုင်နိုင်ရန်လည်း တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

Photo-လူမှုကူညီရေးအသင်းများ


LEAVE A REPLY

Please enter your comment!
Please enter your name here