မလေးရှားနိုင်ငံ၌ အလုပ်မှပြန်လာသည့် မြန်မာ နိုင်ငံသားတစ်ဦးအား လူတစ်စုကဝိုင်းရိုက်

0
154

မလေးရှားနိုင်ငံ၊ကလန်းမြို့၌ နေထိုင်အလုပ်လုပ် ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦး ဒီဇင်ဘာ ၁၉ ရက်ညပိုင်းက အလုပ်မှပြန်လာစဥ် လူတစ်စု ၏ဝိုင်းရိုက်ခြင်းခံခဲ့ရသည်ဟု နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ သိရသည်။

ယင်းနေ့ည ၁၀ နာရီခန့်က မြန်မာနိုင်ငံသား ကိုရာဇာမျိုးသည် ဆိုင်ကယ်ဖြင့်အလုပ်လုပ်ကိုင်သည့်နေရာမှပြန်လာစဥ် နေအိမ်အနီးအရောက် အမည်မသိအမျိုးသားများ၏ ဝိုင်းဝန်းရိုက်နှက်ခြင်းခံခဲ့ရသည်။

ထိုသို့ ရိုက်နှက်ခံရသဖြင့် အခင်းဖြစ်နေရာ၌ မေ့လဲနေခဲ့ပြီး နေအိမ်သို့ နံနက် ၄ နာရီခန့်တွင် ဝမ်း ဗိုက်အားလက်ဖြင့်ဖိ၍ ပြန်လည်ရောက်ရှိလာခဲ့ရာ ကိုရာဇာမျိုး၏ ဇနီးဖြစ်သူမှ အကူအညီတောင်းခံမှုများပြုလုပ်၍ ရှားအလမ်းဆေးရုံကြီးသို့ ပို့ ဆောင်ခဲ့ကြောင်း သိရသည်။

ဆေးရုံတွင် ကိုရာဇာမျိုး၏ ဝမ်းဗိုက်အား ခွဲစိတ်ကုသမှုများပြုလုပ်ပေးခဲ့ပြီးနောက် ဝိုင်းရိုက်ခံရ သဖြင့် ထိခိုက်ဒဏ်ရာများစွာရရှိထားမှုကြောင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိခိုက်ဒဏ်ရာများအား ကုသမှုခံယူရာ၌ ကုန်ကျစရိတ်များအား ပေးချေရန်တတ်နိုင်ခြင်းမရှိသဖြင့် ကိုရာဇာမျိုး၏ ဇနီးဖြစ်သူမှ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ -မလေးရှား)ထံ ဆက်သွယ်အကူအညီတောင်းခံခဲ့သည်။

ထို့ကြောင့် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ ရှားအလမ်းဆေးရုံသို့သွားရောက်၍ ဆရာဝန်များနှင့်တွေ့ဆုံ ၍ လိုအပ်ချက်များကိုမေးမြန်းကာ ကိုရာဇာမျိုးအား ရင်းဂစ် ၁၀၀၀ လှူဒါန်းခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here