နေပြည်တော်၊ပုဗ္ဗသီရိမြို့အားဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့

0
108

နေပြည်တော်၊ပုဗ္ဗသီရိမြို့အား ဗဟိုပြု၍ ဒီ ဇင်ဘာ ၁၉ ရက်ညပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်ဟု မြန်မာနိုင်ငံမိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းနေ့ည ၁၂ နာရီ ၁ မိနစ် ၁၉ စက္ကန့်တွင် ပုဗ္ဗသီရိမြို့၏ မြောက်-အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၁၉ ဒသမ ၉၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ ၁၅)ဒီဂရီ၊ အနက် (၅) ကီလိုမီတာအားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်ဟု မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။

“ညသန်းခေါင်လောက်ကြီး အိမ်ကိုဆွဲခါလိုက်သ လိုလှုပ်ရမ်းသွားတာ သိပ်အကြာကြီးတော့မဟုတ်ဘူး ခနပဲ စင်ပေါ်တင်ထားတာတွေ ခုံပေါ်တင်ထားတာတွေတော့ပြုတ်ကျသွားတယ်”ဟု ပုဗ္ဗသီရိမြို့ခံတစ်ဦးကပြောသည်။

ယခုရက်ပိုင်းအတွင်း၌ ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်လျက်ရှိကာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း တံတားဦး၊ကန့်ဘလူ၊အမရပူရ၊မြစ်ငယ်၊ပြည်ကြီးတံခွန်၊ပင်လည်ဘူးတို့အား ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး အသင့်အတင့်ရှိ င လျင်လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့သည်ဟု မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ငလျင်လှုပ်ခတ်မှုများကြောင့် ပျက်စီးဆုံး ရှုံးမှုများလည်းဖြစ်ပေါ်ခဲ့သဖြင့် တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းများက ကူညီပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဘုရားများ၊စေတီပုထိုးတော်များနှင့်ရှေး ဟောင်းအဆောက်အဦးအချို့လည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ရှေးမူမပျက်အမြန်ဆုံးပြန် လည်ပြင်ဆင်ရန် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here