စားအုန်းဆီ ရည်ညွှန်းဈေး ဆက်ကျသော်လည်း ဈေး ကွက်အတွင်း ၅၀၀၀ ဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်

0
217

စားအုန်းဆီ ရည်ညွှန်းဈေးနှုန်း ထပ်မံကျဆင်းလာသော် လည်း ပြည်တွင်းစားအုန်းဆီဈေးကွက်တွင် တစ်ပိဿာ ၅၀၀၀ ကျပ်ဝန်းကျင်၌သာ ဆက်ရှိနေကြောင်း သိရသ ည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်အတွက် စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာလျင် ၄၄၁၅ ကျပ်အဖြ စ် သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ ဈေးနှုန်းမှာ ဒီဇင်ဘာ (၁၉) ရက်မှ (၂၅) ရက်အ ထိ ရောင်းချရတ် ရည်ညွှန်းသတ်မှတ်ပေးထားသည့် အ ခြေခံ ရည်ညွှန်းဈေးနှုန်းဖြစ်ပြီး ပြီးခဲ့သည့် တစ်ပတ်ထက် (၁၀၀) ကျပ်ဝန်းကျင် ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ရည်ညွှန်းဈေးနှုန်းလျှော့ချ သတ်မှတ်ထားသော်လည်း ဈေးကွက်အတွင်း၌ ရောင်းချနေသည့် စားအုန်းဆီ ဈေးနှုန်းမှာ တစ်ပိဿာ ၅၀၀၀ ကျပ်မှ ၅၅၀၀ ကျပ်ဝန်းကျင်တွင်သာ ဆက်လက်တည်ရှိနေကြောင်း သိရသည်။

” ဟိုးအရင်ထက်တော့ ‌ကျတယ်ပြောရမှာပေါ့ ။ လော လောဆယ်ကတော့ ၅၀၀၀ / ၅၅၀၀ ဝန်းကျင်ပါပဲ။ တအားတော့ မကျသေးဘူး” ဟု ရန်ကုန်မြို့မှ စားအုန်းဆီ ရောင်း ချသည့် လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

အဆိုပါ ဈေးနှုန်းသည် ဈေးကွက်အတွင်း ရောင်းချသည့် လက်လီဈေးနှုန်းဖြစ်ပြီး လက်ကားအများဈေးနှုန်းမှာ ၅၀၀၀ ကျပ်အောက်တွင် ရရှိနိုင်ကြောင်း သိရသည်။

စီးပွားကူးသန်း ဝန်ကြီးဌာန လက်အောက်ရှိ စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်းဈေးကွက်အတွင်း ရောင်း ဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေး နှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

ယင်းသို့ ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ပေးနေပြီး ဈေးကွက်အတွင်း၌ ဈေးတင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here