ဖားကန့်မြို့တွင် ဖွင့်လှစ်ထားသည့် “စင်ကြယ်”ရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများနှင့်ငွေများကိုလုယက်ယူဆောင်သွား

0
111

ကချင်ပြည်နယ်၊ဖားကန့်မြို့၊ငှက်ပျောတောရပ် ကွက်၌ဖွင့်လှစ်ထားသည့် “စင်ကြယ်”ရွှေဆိုင်၌ ဒီဇင်ဘာ ၂၀ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၁၀ နာရီခန့်က အမည်၊အသက်၊နေရပ်လိပ်စာ(စုံစမ်းဆဲ)အမျိုးသားများသည် ဖားကန့်မြို့၊ငှက်ပျောတောရပ်ကွက်၌ ဖွင့်လှစ်ထားသည့် “စင်ကြယ်”ရွှေဆိုင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြကြောင်း သိရသည်။

ထို့နောက် အသင့်ပါလာသည့် သေနတ်များဖြင့် ဆိုင်ဝန်ထမ်းများအားခြိမ်းခြောက်ကာ ဆိုင်မှန်ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းများနှင့်ငွေ သားများအားလုယက်ယူဆောင်ကာ ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

“ကြားရသလောက်ဆိုရင် ရွှေထည်ပစ္စည်းတွေက လက်စွပ်မောင်းကွင်းတွေလို့သိရတယ် ၁၀၀ ကွင်းကျော်တယ်ပါသွားတာ နောက်ငွေသားတွေကော ဓားပြတိုက်တဲ့လူတွေယူသွားတဲ့တန်ကြေးကအ တော်များတယ်လို့သိရတယ်”ဟု ဖားကန့်မြို့ခံတစ်ဦးကပြောသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းကလည်း မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်ဖွင့်လှစ်ရန် နေအိမ်မှရွှေများထည့်ထားသည့် ခြင်း ၂ ခြင်းအားယူဆောင်၍ ထွက်ခွာလာသူအား သေနတ်ပြခြိမ်းခြောက်၍ ရွှေများထည့်ထားသည့်ခြင်း ၂ ခြင်းအား လုယက်ယူဆောင်သွားခဲ့မှုဖြစ်ပွားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here