ထိုင်းနိုင်ငံဦးဆောင်၍ မြန်မာ့အရေးဆွေးနွေးမှုပြုလုပ်မည်

0
271

ဒီဇင်ဘာလ ၂၂ ရက်နေ့၌ ထိုင်းနိုင်ငံကဦးဆောင်၍ မြန်မာ့အရေးဆွေးနွေးမှုတစ်ရပ်အား ပြုလုပ်မည်ဖြစ်သဖြင့် မြန်မာ့အကျပ်အတည်းရိုက်ခတ်မှုဒဏ်အား အနည်းနှင့်အများခံရသော အကျိုးစီးပွားပါဝင်ပတ်သက်သော ပါဝင်ဆွေးနွေးလိုသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ဖိတ်ကြားထားကြောင်းသိရှိရသည်။

ယခု‌ဆွေးနွေးမှုသည် တရားဝင်အာဆီယံအစည်းအဝေးသဘောမျိုးမဟုတ်ပဲ မြန်မာ့အရေးရိုက်ခတ်မှုခံရသည့် နိုင်ငံများနှင့် ထိုင်းနိုင်ငံတို့ပြုလုပ်သည့် အလွတ်သဘော တွေ့ဆုံဆွေးနွေး၊အမြင်ချင်းဖလှယ်သည့်သဘောသာဖြစ်သည်ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးကပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ထိုင်း၏အိမ်နီးချင်းများ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပြီး မည်သည့်နိုင်ငံများပါဝင်သည်ကို မသိရှိရပေ။အချို့နိုင်ငံများကမူ နှစ်ကုန်ပိုင်းလုပ်ဆောင်စရာများကြောင့် မတက်ရောက်နိုင်ကြဟုဆိုထားသည်။

NUG, PDF နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများအား အမေရိကန် အစိုးရကလက်နက်မဟုတ်သော အကူအညီများပေးအပ်နိုင်သည့် Burma Act 2022 ကို အမေရိကန်ကွန်ဂရက်လွှတ်တော်က အဆင့်မြှင့်တင်လိုက်သည့်အချိန်၌ ထိုင်းနိုင်ငံ၏ ယခုလုပ်ဆောင်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဧပြီလကတည်းက အာဆီယံဆိုင်ရာပွဲများသို့ မြန်မာကိုယ်စားလှယ်များတက်ရောက်ခွင့်အား ပိတ်ပင်ထားခဲ့သော်လည်း ယခုဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တက်ရောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Source : Thai PBS World


LEAVE A REPLY

Please enter your comment!
Please enter your name here