ထိုင်းစစ်သင်္ဘောနစ်မြုတ်ပြီး ၂ ရက်နီးပါးအကြာတွင် သင်္ဘောသားတစ်ဦးအား ထပ်မံကယ်ဆယ်နိုင်ခဲ့

0
133

ထိုင်းရေတပ်မှ စစ်သင်္ဘော HTMS Sukhothai နစ်မြုပ်ပြီး ၂ ရက်နီးပါးအကြာဖြစ်သည့် ယနေ့ ဒီဇင်ဘာ ၂၀ရက်တွင် ယင်းသင်္ဘောမှ သင်္ဘောသားတစ်ဦးကို ထပ်မံကယ်ဆယ်ရရှိခဲ့သော်လည်း သင်္ဘောသား ၂၉ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းတော်ဝင်ရေတပ်မှ တရားဝင်သတင်းထုတ်ပြန်သည်။

“ဒီနေ့ နေ့လည်ပိုင်းမှာ အဲဒီသင်္ဘောသားကို ရှာဖွေကယ်ဆယ်နိုင်ခဲ့တာပါ။ သူ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပါတယ်”ဟု ထိုင်းတော်ဝင်ရေတပ်မှ ရေတပ်ဗိုလ်ချုပ် Pichai Lorchusakul ကပြောကြားသည်။

အမေရိကန်ပြည်ထောင်စုမှ ထုတ်လုပ်သည့် အဆိုပါ HTMS Sukhothai စစ်သင်္ဘောကို ၁၉၈၇ ခုနှစ်ကတည်းက အသုံးပြုနေခဲ့ခြင်းဖြစ်ရာ ထိုင်းနိုင်ငံ အရှေ့တောင်ဖက် ကမ်းရိုးတမ်းမှ ၃၇ ကီလိုမီတာအကွာ ပင်လယ်ပြင်တွင် တနင်္ဂနွေနေ့ ညသန်းခေါင်ယံအချိန်ခန့်က တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here