ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်းလုပ်ငန်းများ Online E-Submission System ဖြင့် ကိုယ်တိုင်မလျှောက်ထားဘဲ အခြားသူအားလျှောက်ထားစေရာမှဖြစ်လာသည့် ပြဿနာများကို ဖြေရှင်းပေးမည်မဟုတ်ဟု FDA ထုတ်ပြန်

0
350

ကျန်းမာရေးဝန်ကြီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ဒီဇင်ဘာ ၂၀ ရက်(ယနေ့)တွင် Online E-Submission System ဖြင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်း အစားအသောက်ထုတ်လုပ်ခြင်းလုပ် ငန်းများ Online E-Submission System ဖြင့် လျှောက်ထားရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် ကုမ္ပဏီမှတ်ပုံတင်အမှတ်( DICA No.)ရှိပါက “DICA” ဖြင့်၊ ကုမ္ပဏီမှတ်ပုံတင်မရှိပါက “Other”အနေဖြင့်ဝင်ရောက်၍ Register ပြုလုပ်လျှောက်ထားနိုင်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထိုသို့ လျှောက်ထားရာတွင် လုပ်ငန်းများအနေ ဖြင့် ကိုယ်တိုင်လျှောက်ထားခြင်းမပြုဘဲ အခြားသူများအားတာဝန်ပေး၍ လျှောက်ထားစေရာမှ ပေါ်ပေါက်လာသည့် ပြဿနာများကို FDA Myanmar မှလက်ခံဖြေရှင်းပေးမည်မဟုတ်ဟု အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here