အာဖဂန် အမျိုးသမီးများကို တာလီဘန်ခေါင်းဆောင်များက တက္ကသိုလ်တက်ခွင့် ပိတ်ပင်

0
257

အာဖဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်နေသည့် တာလီဘန် ခေါင်းဆောင်များသည် နိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ တက္ကသိုလ်တက်ခွင့်ကို နောက်ထပ် အမိန့်တစုံတရာ မထုတ်ပြန်မချင်း ရက်အကန့်အသတ်မရှိ ပိတ်ပင်ရန် အမိန့်ထုတ်ထားကြောင်း အစိုးရနှင့် ပုဂ္ဂလိကပိုင်တက္ကသိုလ်များသို့ ထုတ်ပြန်သည့်စာတွင် အဆင့်မြင့် ပညာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“နောက်တစ်ကြိမ် ကြေညာချက် မထုတ်ပြန်မချင်း အမျိုးသမီးတွေရဲ့ ပညာသင်ကြားခွင့်ကို ရပ်ဆိုင်းမယ့် အမိန့်ကို အကောင်ထည်ဖော် လိုက်နာကြဖို့ အားလုံးကို အသိပေးလိုက်ပါတယ်” ဟု အဆင့်မြင့် ပညာရေးဝန်ကြီး နီဒါမိုဟာမက် နာဒီးမ် က ပြောသည်။

အဆိုပါ အမိန့် စစ်မှန်ကြောင်းကိုလည်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဇီယာအူလာ ဟာရှီမီက အေအက်ဖ်ပီ သတင်းဌာနသို့ စာသားမတ်ဆေ့ချ်ဖြင့် အတည်ပြုခဲ့သည်။

ပြည်ပရောက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ပရော်ဖက်ဆာ မာနီဇာ ရာမီဇီ က သူ၏ တပည့်မလေးများထံမှ ထိုသတင်းနှင့် ပတ်သက်၍ ထိတ်လန့်ကြောက်ရွံ့နေသည့် မက်ဆေ့ချ်ပေးပို့မှုများ ရရှိခဲ့သည်ဟုဆိုသည်။

“သူတို့ဟာ မျှော်လင့်ချက်မဲ့တဲ့ အနာဂတ်ကို မြင်ယောင်ပြီး ကြောက်ရွံ့တုန်လှုပ်နေကြတယ်” ဟု သူကပြောခဲ့သည်။

အမျိုးသမီးများကို တက္ကသိုလ်တက်ခွင့် ပိတ်ပင်လိုက်သည့် တာလီဘန်၏ တရားမျှတမှု မရှိသော ထိုဆုံးဖြတ်ချက်ကို အမေရိက သည်ရှုံ့ချပါကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က အင်္ဂါနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here