ပိတ်ဆို့ဒဏ်ခတ်မှုများက ၎င်း၏ဒုံးကျည်တည်ဆောက်မှုအား ရပ်တန့်နိုင်မည်မဟုတ်ဟုမြောက်ကိုရီးယားဆို

0
131

ဆိုးလ်၊ဒီဇင်ဘာ ၂၀

မြောက်ကိုရီးယားက ၎င်း၏လက်နက်များထုတ်လုပ်မှုကိုလျော့ပါးစေရန် တောင်ကိုရီးယား၏လုပ်ဆောင်ချက်များကိုဝေဖန်ခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများသည် ၎င်း၏ဒုံးကျည်အစီအစဉ်အား ရပ်တန့်နိုင်မည်မဟုတ်ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA မှတစ်ဆင့်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင်၏အားထားရသူတစ်ဦးဖြစ်သကဲ့သို့ ဩဇာတိက္ကမကြီးမားသူတစ်ဦးဖြစ်သည့် ၎င်း၏ညီမကင်မ်ယိုဂျုံကမူ ထောက်လှမ်းရေးဂြိုလ်တုတည်ဆောက်နိုင်မှုသည် နိုင်ငံ၏လုံခြုံရေးနှင့်အဓိကဆက်စပ်နေသည့် အရေးကြီးသောဦးစားပေးကိစ္စဖြစ်သည်ဟုပြောကြားခဲ့သည်။

“ဒီကိစ္စကြောင့်တောင်ကိုရီးယားအနေနဲ့ နိုင်ငံတကာကိုအော်ဟစ်အကူအညီတောင်းပြီး ကျွန်မတို့အပေါ်ပိတ်ဆို့မှုအသစ်တွေလည်း ထပ်လုပ်လာနိုင်ပါတယ်” ဟု၎င်းကပြောကြားခဲ့သည်။

“ဒါပေမဲ့ ခြိမ်းခြောက်ခံနေရတဲ့ ကျွန်မတို့နိုင်ငံရဲ့ရှင်သန်ခွင့်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအတွက် အရင်ကတည်းက ထပ်တလဲလဲ ကြုံခဲ့ပြီးသားဖြစ်သလို၊တစ်ကြိမ်တစ်ခါတည်းလဲမဟုတ်တော့တဲ့ အဲ့ဒီ ပိတ်ဆို့တာတွေ၊ဒဏ်ခတ်တာတွေကိုအရေးစိုက်စရာလိုလို့လား၊ဒီကိစ္စတွေကြောင့်ရပ်တန့်ပစ်ဖို့လိုရဲ့လား” ဟုလည်း သူမကမေးခွန်းထုတ်ပြောကြားခဲ့သေးသည်။

သူ၏ယခုမှတ်ချက်သည် ထောက်လှမ်းရေးဂြိုလ်တု တည်ဆောက်ရေးအတွက် အရေးကြီးသောစမ်းသပ်မှုဟုဆိုသည့် ပြုံယမ်း၏တာလတ်ပစ်ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်လိုက်ပြီးနောက်ထွက်ပေါ်လာခြင်းဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here