တရုတ်နှင့်ရုရှား၏ရေတပ်စစ်ရေးလေ့ကျင့်မှုက မိတ်ဖက်ဆက်ဆံရေးကိုပိုမိုနက်ရှိုင်းစေနိုင်ဟုဆို

0
174

ပေကျင်း၊ဒီဇင်ဘာ ၂၀

မော်စကို-ကိဗ်အရေးအတွင်း တရားဝင်မဟုတ်သည့် အနောက်အုပ်စုဆန့်ကျင်ရေးမဟာမိတ်များအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာစေရန်ရည်ရွယ်လျက် ဒီဇင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့တွင် တရုတ်-ရုရှားရေတပ်များ ပူးပေါင်းစစ်ရေးလေ့ကျင့်မည်ဟု တရုတ်နိုင်ငံကပြောကြားခဲ့သည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုအား ရှန်ဟိုင်းတောင်ပိုင်း ရှီကျန်းပြည်နယ်ကမ်းလွန်တွင် လာမည့်အင်္ဂါနေ့အထိပြုလုပ်သွားမည်ဖြစ်ကြောင်း အာဏာပိုင်များ၏ထုတ်ပြန်ချက်အရသိရှိရသည်။

ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ရေကြောင်းလုံခြုံရေးခြိမ်းခြောက်မှုတွေကို ပူးတွဲတုံ့ပြန်ဖို့ နှစ်ဘက်စလုံးရဲ့ သိန္နိဌာန်နဲ့စွမ်းဆောင်ရည်ကို ပြသဖို့ဖြစ်ပါတယ်၊ ဒါ့အပြင် တရုတ်-ရုရှားဘက်စုံခေတ်သစ်မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုနက်ရှိုင်းစေပါတယ်” ဟု အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဆယ်စုနှစ်များစွာကြာခဲ့သည့် နှစ်ဖက်အပြန်အလှန်မယုံကြည်ခဲ့မှုများအား ဘေးဖယ်ကာ တရုတ်နှင့်ရုရှားတို့သည် အမေရိကဦးဆောင်သည့် လစ်ဘရယ်အနောက်တိုင်းနိုင်ငံရေးအစီအစဉ်ကိုဆန့်ကျင်ရန် ၎င်းတို့၏နိုင်ငံခြားရေးမူဝါဒများကိုချိန်ညှိလျက် ယခုစစ်ရေးလေ့ကျင့်မှုအားပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

စက်တင်ဘာလနှင့်နိုဝင်ဘာလအတွင်းကလည်း နှစ်နိုင်ငံပေါင်းစစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ကာ ယူကရိန်းအရေးနှင့်ပတ်သက်၍ တရုတ်ကရုရှားအားကန့်ကွက်ခြင်းမပြုခဲ့သလို ရုရှားကလည်း ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံအားအပြည့်အဝထောက်ခံမှုပြုခဲ့သည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here