တွစ်တာ၏စီအီးအိုအဖြစ်မှ အီလွန်မက်စ် တကယ်နားတော့မှာလား

0
286

တွစ်တာ၏စီအီးအိုအသစ် မစ္စတာအီလွန်မက်စ်သည် မကြာမီရာထူးမှနှုတ်ထွက်တော့မည်ဖြစ်ကြောင်း ကြေငြာခဲ့ပြီး ၎င်းနေရာတွင်အစားထိုးနိုင်မည့် စီအီးအိုအသစ်အားရှာဖွေလျက်ရှိကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

ယခုသတင်းများမထွက်ပေါ်မီတစ်ရက်က တွစ်တာအသုံးပြုသူ၎င်း၏ဖော်လိုဝါ ၁၂၂ သန်းကျော်အား ၎င်းအနေဖြင့် စီအီးအိုအဖြစ်မှနှုတ်ထွက်သင့်မသင့် စစ်တမ်းကောက်ယူခဲ့ရာ အများစုက၎င်းအားနှုတ်ထွက်စေလိုကြောင်းပြောကြားခဲ့သဖြင့် ယခုကဲ့သို့ဆုံးဖြတ်လိုက်ရခြင်းလည်းဖြစ်သည်။

၎င်း၏စစ်တမ်းသို့ဝင်ရောက်ဖြေဆိုသူ ၁၇ ဒသမ ၅ သန်းရှိသည့်အနက် ၅၇ ဒသမ ၅ ရာခိုင်နှုန်းသောသူများက ၎င်းအားနှုတ်ထွက်စေလိုကြောင်း တုံ့ပြန်ဖြေဆိုခဲ့ကြသည်။၎င်းအနေဖြင့်လည်း တွစ်တာ၌အချိန်ပြည့်အသုံးချရန် အစီအစဉ်မရှိသေးသဖြင့် ယုံကြည်စိတ်ချရသောသူအား ကိုယ်စားလွှဲအပ်တာဝန်ပေးကာ တွစ်တာအားလက်လွှဲပေးခဲ့မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်အောက်တိုဘာလ၌ တွစ်တာ၏စီအီးအိုအဖြစ် တာဝန်စတင်ထမ်းဆောင်ခဲ့သော မစ္စတာအီလွန်မက်စ်သည် တွစ်တာဝန်ထမ်းပေါင်း ၇,၅၀၀ အနက် ၅,၀၀၀ ခန့်အားအလုပ်ထုတ်ပယ်ခဲ့ကြောင်းလည်းသိရှိရသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here