ကော့ကရိတ်မြို့ရှိ ချောင်းကူးကွန်ကရစ်တံတားအား KKO နှင့် PDF အဖွဲ့ဝင်များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး၍ ကျိုးကျသွားခဲ့

0
359

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ရှိ ချောင်းကူးကွန်ကရစ်တံတားအား KKO နှင့် PDF အဖွဲ့ဝင်များက ဒီဇင်ဘာ ၂၁ ရက်(ယနေ့)နံနက်ပိုင်းက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ယနေ့နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က KKO အဖွဲ့(ခွဲထွက်)နှင့် PDF အဖွဲ့ဝင်များသည် ကော့ကရိတ်မြို့ နှင့်ရန်ကုတ်ကျေးရွာသို့ ဆက်သွယ်ထားသည့် ချောင်းကူးကွန်ကရစ်တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဖောက်ခွဲခဲ့မှုကြောင့် ချောင်းကူးကွန်ကရစ်တံတားကျိုးကျပျက်စီးခဲ့ကြောင်း နစက ၏ထုတ်ပြန်ချက်အရ သိရသည်။

“အဲဒီတံတားက ကော့ကရိတ်မြို့စွန်ဘက်မှာရှိတာ မနက်ကတော့ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်ရတယ်ပျက်စီးမှုတော့များတယ်ဗျ အခု အသေးစိတ်ပြန်ပြီးပြင်ဆင်တာတွေမလုပ်ရသေးခင် ဖြတ်သွားလို့ရအောင် ယာယီဘေလီတံ တားထိုးမယ်လို့တော့ထင်တယ် ပြင်ဆင်မှုတွေလုပ်နေကြတယ်”ဟု ကော့ကရိတ်မြို့ခံတစ်ဦးကပြောသည်။

ထို့ပြင် လက်နက်ကိုင်အဖွဲ့ဝင်များသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံး၊ ရဲစခန်းဝင်းအတွင်းသို့ နံနက် ၁၁ နာရီခွဲခန့်တွင် Drone သုံး၍ ဗုံးသီး ၂ လုံး၊ ဒီဇင်ဘာ ၂၀ ရက်ည ၇ နာရီခန့်တွင် Drone သုံး၍ ဗုံးသီး ၂ လုံးတို့ဖြင့် ဗုံးချတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here