၈၈နှစ်အရွယ် ပြင်သစ်အမျိုးသားတစ်ဦး စအိုဝတွင် ပထမကမ္ဘာစစ်သုံး အမြောက်ကျည်ဆန် ဖြင့် ရောက်လာရာ ဆေးရုံတစ်ခုလုံး ဘေးလွှတ်ရာသို ရွှေ့ပြောင်းခဲ့ရ

0
454

အမည်မဖော်လိုသူ အသက် ၈၈ နှစ်အရွယ် ပြင်သစ်အမျိုးသားတစ်ဦးသည် ပြင်သစ်တောင်ပိုင်း တူလွန်မြို့ရှိ စန့်မူ့စ်ဆေးရုံသို့ ဒီဇင်ဘာလ ၁၇ ရက် စနေနေ့ ညနေခင်းပိုင်းတွင် ရောက်ရှိလာပြီး သူ၏ စအိုဝတွင် စိုက်ဝင်နေသော ပထမကမ္ဘာစစ်သုံး အမြောက်ကျည်ဆန်အား ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်။

ထိုလူရောက်ရှိလာပြီးနောက် ဆေးရုံရှိ တာဝန်ရှိသူများသည် အဆိုပါ အမြောက်ကျည်ဆန်က အချိန်မရွေး ထပေါက်ကွဲမည်ကို စိုးရိမ်ကြောက်လန့်ခဲ့ကြသည်ဟု ပြင်သစ်သတင်းအဖွဲ့အစည်း ဗာမာတန်က ဖော်ပြထားသည်။

ထို့နောက် ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူများက ရောက်ရှိလာပြီး လူခန္ဓာကိုယ်အတွင်း အဆိုပါကျည်ဆံ ပေါက်ကွဲနိုင်ခြေမှာ အနည်းငယ်သာရှိကြောင်းနှင့် ဆရာဝန်များအား မစိုးရိမ်ဘဲ ခွဲစိတ်ဖယ်ရှားရန် ပြောကြားခဲ့သည်။

အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပြီးနောက် လေ့လာကြည့်ရာ အဆိုပါ အမြောက်ကျည်ဆန်မှာ ပထမကမ္ဘာစစ်အတွင်းက စုဆောင်းထားသည့် ပစ္စည်းတစ်ခုဖြစ်ပြီး ၁၉၀၀ ပြည့်နှစ် အစောပိုင်းကာလများတွင် ပြင်သစ်စစ်တပ်က အသုံးပြုလေ့ရှိခဲ့သော ကျည်ဆန်ဖြစ်ကြောင်း သိရသည်။

“အဲဒီ အရေးပေါ် အခြေအနေဟာ စနေနေ့ ည ၉ နာရီ ကနေ ၁၁ နာရီခွဲအထိ ကြာမြင့်ခဲ့ပြီး ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူများရဲ့ အကူအညီတွေကိုပါ ယူခဲ့ရပါတယ်၊ အရေးပေါ်လူကြီးနှင့် ကလေး လူနာတွေကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရရုံသာမက အသစ်ဝင်လာသော အရေးပေါ်လူနာတွေကိုပါ လွှဲပြောင်းပေးခဲ့ရပါတယ်” ဟု ဆေးရုံ၏ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

အဆိုပါ အမျိုးသားသည် အသာဖြေရန်အတွက် ထည့်သွင်းခဲ့ရာမှ ထိုကဲသို့ အရေးပေါ်အခြေအနေ ဖြစ်သွားခဲ့ခြင်းပြီး ကျည်ဆန်မှာ ၈ လက်မ ရှည်လျားပြီး ၂ လက်မ အကျယ်ရှိကြောင်း သိရသည်။

Source: Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here