ရနောင်းခရိုင်ရှိ အခန်းတခုတွင်ယာယီတည်းခိုနေသူများနှင့်ထပ်မံရောက်ရှိလာသူ မြန်မာနိုင်ငံသား ၂၄ ဦးဖမ်းဆီးခံရ

0
110

ထိုင်းနိုင်ငံ၊ရနောင်းခရိုင်ရှိ အခန်းတစ်ခုအတွင်း၌ ယာယီတည်းခိုနေသူများနှင့်ထပ်မံရောက်ရှိလာသူ မြန်မာနိုင်ငံသား ၂၄ ဦး ဒီဇင်ဘာ ၂၁ ရက်ညပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့ည ၁၀ နာရီခွဲက ရနောင်းခရိုင်၊ဘန်ရိင့်ကျေးရွာအုပ်စု ၆ ရှိ အခန်းတစ်ခုအတွင်း၌ တ ရားမဝင်ရောက်ရှိလာသည့် နိုင်ငံသားများရောက်ရှိနေကြောင်း သတင်းအရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ အခန်းအတွင်း၌ အခြားနေရာသို့ပြောင်းရွှေ့ရန် လာရောက်ခေါ်ဆောင်မည့်သူအား ညအိပ်စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသား ၁၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများကို ယာယီတည်းခိုခွင့်ပေးထားသည့် အခန်းပိုင်ရှင် ထိုင်းနိုင်ငံသားအားစစ် ဆေးချက်အရ တရားမဝင် ဝင်ရောက်လာသည့်မြန်မာနိုင်ငံသားများအား တင်ဆောင်လာသော ပစ်ကပ်ကားကို ည ၁၂ နာရီခန့်၌ မြန်မာနိုင်ငံသား ၁၂ ဦးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ မြန်မာနိုင်ငံသားများသည် ဖူကတ်မြို့တွင် သွားရောက်အလုပ်လုပ်ကိုင်ရန် ပွဲ စားခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၅၀၀၀ မှ ၂၈၀၀၀ အထိပေးချေခဲ့ရကြောင်း သိရှိခဲ့ရသည်။

တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများနှင့်အတူ ထိုင်းနိုင်ငံသား ၃ ဦးကိုလည်း ဖမ်း ဆီးရမိခဲ့သည်ဟု သိရသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သဖြင့် ထိုင်းနိုင်ငံဥပဒေအရအ ရေးယူရန် ရနောင်းမြို့ရဲစခန်းသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here