လက်လုပ်သေနတ်ပြုလုပ်သူ ၄ ဦးအား သေနတ်များနှင့်အတူ မတ္တရာမြို့တွင်ဖမ်းဆီးရမိခဲ့

0
245

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊အမှတ်(၂)ဘုရင့်နောင်ရပ်ကွက်တွင် ဒီဇင်ဘာ ၂၂ ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ညနေ ၄ နာရီခွဲခန့်က လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ မတ္တရာမြို့၊အမှတ်(၂)ဘုရင့်နောင်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြသည်။

နေအိမ်တွင် လက်လုပ်သေနတ်များပြုလုပ်သူ ၄ ဦးအား ခြံဝင်းအတွင်းခြံစည်းရိုးထောင့်၌ လက် လုပ်သေနတ်ပြုလုပ်ရာတွင်အသုံးပြုသည့် ပ စ္စည်းများနှင့်လက်လုပ်သေနတ်များအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အတူ မူးယစ်ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများကိုလည်း ဖမ်းဆီးရမိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဥပဒေအရထိရောက်စွာအရေးယူရန်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here