Tiktok အသုံးပြုသူများ၏ ဒေတာများကို ဝင်ကြည့်ခဲ့သော ဝန်ထမ်းလေးဦးကို ကုမ္ပဏီက အလုပ်ဖြုတ်

0
267

Tiktok ၏ တရုတ်မိခင်ကုမ္ပဏီဖြစ်သော ဘိုက်ဒန့်စ်က ၎င်း၏ ဝန်ထမ်းအချို့သည် သတင်းထောက်နှစ်ဦး၏ Tiktok အကောင့်မှ ဒေတာများကို ကျင့်ဝတ် နှင့်မညီ ဘဲဝင်ရောက်ကြည့်ရှုခဲ့၍ ၎င်းတို့အား ကုမ္ပဏီက အလုပ်ထုတ်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၂၂ ရက် ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ဘိုက်ဒန့်စ် ဝန်ထမ်းများသည် ယခုနှစ်အစောပိုင်းတွင် ကုမ္ပဏီ၏ အချက်အလက်များ ပေါက်ကြားမှုကို စုံစမ်းစစ်ဆေးရာမှ ၎င်းတို့၏ ဒေတာကို ဝင်ရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး ဘတ်စ်ဖိ နှင့် ဖိုင်နန်ရှယ်တိုင်း မှ သတင်းထောက်နှစ်ဦးနှင့် ၎င်းကုမ္ပဏီရှိ ဝန်ထမ်းများကြား အချိတ်အဆက်ရှိ မရှိကို ဖော်ထုတ်ရန် ရည်ရွယ်ခဲ့ကြောင်း ဘိုက်ဒန့်စ်၏ အထွေထွေအကြံပေး အဲရစ်ရှ် အန်ဒါဆန်က ဆိုသည်။

ထိုဝန်ထမ်းများသည် လျို့ဝှက် အချက်အလက်များ ပေါက်ကြားခဲ့သည်ဟု ယူဆထားသော ဝန်ထမ်းများ၊သတင်းထောက်များ နှင့်တစ်နေရာတည်းတွင် အတူရှိခဲ့ခြင်း ရှိ မရှိကို သိလို၍ ၎င်းတို့၏ အိုင်ပီလိပ်စာများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖွင့်ဟလာမှုကြောင့် TikTok သည် အမေရိကန် အသုံးပြုသူများ၏ ဒေတာ လုံခြုံရေးနှင့် ပတ်သတ်၍ စိုးရိမ်နေကြသော ဝါရှင်တန်ရှိ လွှတ်တော်အမတ်များနှင့် ဘိုင်ဒင် အစိုးရတို့ က ဖိအားပိုမိုပေးလာခြင်းနှင့် ရင်ဆိုင်ရလာမည် ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်တွင် ပါဝင်ပတ်သက်နေသော တရုတ်မှ ဝန်ထမ်းနှစ်ဦးနှင့် အမေရိကမှ ဝန်ထမ်းနှစ်ဦး စုစုပေါင်းလေးဦးကို အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့သည်။

ထို့ပြင် အသုံးပြုသူများ၏ ဒေတာကို ကာကွယ်ရန်အတွက် နောက်ထပ်အဆင့်များ တိုးချဲ့လုပ်ဆောင်နေသည်ဟု ကုမ္ပဏီတာဝန်ရှိသူများက ပြောခဲ့သည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here