အစိုးရ အဆက်ဆက်က နိုင်ငံဖွံ့ဖြိုးရေးလုပ်ဆောင်ခဲ့သလို မိမိတို့အစိုးရ လည်းလုပ်ဆောင်နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

0
283

အစိုးရ အဆက်ဆက်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ခဲ့သလို မိမိတို့အစိုးရအနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဒီဇင်ဘာ (၂၃) ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ UMFCCI တွင် ကုန်သည်များ ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြ င်း ဖြစ်သည်။

” အစိုးရ အဆက်ဆက်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သလို မိမိတို့အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုက်တက်စေရန် လူတစ်စု၏ စီးပွားတိုးတက်ရေးထက် လူအများ၏ စီး ပွားရေး တိုးတက်ရန် လိုအပ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

ထို့ကြောင့် အများစုအကျိုးရှိနိုင်မည့် စီးပွားရေး လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်နေကြောင်းလည်း နစက ဥက္ကက ပြောကြားခဲ့သည်။

ခေတ်အဆက်ဆက်တွင် နိုင်ငံ၏ စီးပွားရေးတိုးတက်စေရန်အတွက် စနစ်အမျိုးမျိုးကို ကျင့်သုံးခဲ့ပြီး တပ်မတော်အစိုးရလက်ထက်တွင် ဈေးကွက်စီးပွားရေး စနစ်ကို စတင်ဆောင်ရွက်ခဲ့ပြီး ဦးသိန်းစိန်အစိုးရ လက်ထက်မှ စတင်ကာ ဒီမိုကရေစီ စနစ်ပေါ် လျှောက်လှမ်းချိန်တွင် ဈေးကွက်စီးပွားရေးစနစ်မှာ ပိုမို ပီပြင်လာခဲ့​ကြောင်း​ပြောသည်။

သို့သော် ဒီမိုက​ရေစီအစိုးရသက်တမ်းနှစ်ခုတွင် ပြည်တွင်း ထုတ်ကုန်ထက် ပြည် ပသွင်းကုန်ကို ပိုမို ဦးစားပေးခဲ့သည့်အတွက် ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

နစက အစိုးရအနေဖြင့် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်စေရန် ပြည်တွင်း ကုန်ထုတ်လုပ်မှုကို ဦးစားပေးကာ ပုဂ္ဂလိက လုပ်ငန်းများကို အားပေးဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ကုန်သည် စက်မှုအသင်းချုပ်အနေဖြင့်လည်း အစိုးရနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက် တွန်းပြောကြား သွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here