တာမွေမြို့နယ်တွင် ပွဲဈေးတန်းအတွင်း ဗုံးပေါက်ကွဲ၍ ပြည်သူ အနည်းဆုံး (၂) ဦး ဗုံးထိမှန် ဒဏ်ရာရ

0
358

ရန်ကုန်တိုင်း ၊ တာမွေမြို့နယ်တွင် ယနေ့ ညအစောပိုင်းက ပွဲဈေးတန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားကာ ပြည်သူ အနည်းဆုံး (၂) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ (၂၃) ရက် ည (၈) နာရီခွဲ ဝန်းကျင်က တာမွေမြို့နယ်၊ နိဂြောဓလမ်းပွဲဈေးတွင် ဗုံးပေါက်ကွဲမှု ဖြစ် ပွားခဲ့ခြင်း ဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ် များထံမှသိရသည်။

” (၂) ယောက်ထိသွားတယ်ပြောတယ်။ တစ်ယောက်က လက်ပြတ်သွားတယ်ပြောကြတယ်။ တချို့ကလည်း သားအမိ (၃) ယောက်လို့ ပြောတယ်။ လူနာတင်ယာဉ် (၂) စီးတော့ ရောက်လာတာတွေ့တယ်” ဟု အခင်းဖြစ်နေရာအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ဗုံးထိမှန်ကာ ဒဏ်ရာ ရရှိခဲ့သူများသည် ပွဲဈေးအတွင်း အ လှူခံနေသည့် သားအမိ (၃) ယောက် ဖြစ်ပြီး မိခင်ဖြစ်သူမှာ လက်ပြတ်ထွက် ဒဏ်ရာနှင့် ခြေထောက် ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့သည့်အပြင် ကလေးငယ်များပါ ထိမှန် ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း အခြားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိခဲ့သူများကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များမှ လူနာတင်ယာဉ်များဖြင့် ဆေးရုံးသို့ပို့ဆော င်ထားကြောင်း သိရှိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုမှာ မည်သည့်အဖွဲ့၏ လက်ချက်ဖြ စ်သည်ကို မသိရှိရသေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here