အမေရိကန်အနေဖြင့် မိမိတို့နှင့် တိုက်ရိုက်ထိပ်တိုက်တွေ့ခြင်းကို ရှောင်ကြဉ်ရန် အသိပညာရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ရုရှားဆို

0
138

အမေရိကန်တို့အနေဖြင့် ရုရှားတို့နှင့် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မှုအထိဖြစ်မလာစေရန် လုံလောက်သော အသိသတိရှိလိမ့်မည်ဟု မိမိတို့မျှော်လင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ မြောက်အမေရိကဆိုင်ရာ ညွှန်ကြားရေးမှူး Alexander Darchiyevက အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။

“ဝါရှင်တန်က အကြောင်းပြချက်ရဲ့အသံကို နားထောင်ပြီး ရုရှားနဲ့ အမေရိကန်ကြား တိုက်ရိုက် ထိပ်တိုက်တွေ့တဲ့ အခြေအနေအထိ အရှိန်မြှင့်လာမှာမဟုတ်ဘူးလို့ မျှော်လင့်နိုင်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ယာယီပြတ်တောက်သွားတဲ့ သံတမန်ဆက်ဆံရေးဟာ တကယ်ပြတ်တောက်တဲ့အထိဖြစ်လာပြီး နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်”ဟု Alexander Darchiyevက ပြောသည်။

“နှစ်နိုင်ငံဆက်ဆံရေးပျက်စီးစေတဲ့ လမ်းကြောင်းကို စတင်ခဲ့တာဟာ အမေရိကန်ပြည်ထောင်စုပဲ” ဟုလည်း Alexander Darchiyevက အလေးပေးပြောကြားခဲ့သည်။

ယူကရိန်း စစ်ပွဲကြောင့် တင်းမာမှုများ မြင့်တက်လာပြီးနောက် သုံးလကြာ လစ်ဟာသွားသော ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်နေရာသို့ ရုရှားစကားပြောနိုင်သောသံတမန်တစ်ဦးအား သံအမတ်ကြီးအဖြစ်ခန့်အပ်၍ စေလွှတ်သွားမည်ဖြစ်ကြောင်း အမေရိကန် အထက်လွှတ်တော်က ဒီဇင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here