ဘဏ်များပြိုလဲမှုမရှိစေရန် နိုင်ငံတော်မှထိန်းသိမ်းဆောင်ရွက်ခဲ့ရ​ကြောင်းနစက ဥက္ကဋ္ဌပြော

0
219

မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်း၌ နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘဏ်လုပ်ငန်းနှင့်ပတ်သက်၍ မိမိတို့စတင်တာဝန်ယူချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ဘဏ်လုပ်ငန်းများရပ်တန့်ခဲ့ရသော်လည်း ယခုအခါဘဏ်လုပ်ငန်းများပြန်လည်လည်ပတ်လာပြီဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ဘဏ်လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် လုပ်ငန်းများကိုမှန်မှန်ကန်ကန်ဖြင့် စနစ်တကျဆောင်ရွက်ရန် နစက ဥက္ကဋ္ဌကတိုက်တွန်းမှာကြားခဲ့သည်။

“နိုင်ငံအတွက် ဘဏ်လုပ်ငန်းဟာ အရေးကြီးတဲ့အတွက် ဘဏ်တွေပြိုလဲမှုမရှိအောင် နိုင်ငံတော်ကထိန်းသိမ်းဆောင်ရွက်ခဲ့ရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် နစက ဥက္ကဋ္ဌမှ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ၍ ခရီး သွားလုပ်ငန်းကိုအထောက်အကူပြုနိုင်သည့် ရပ်ရွာများသန့်ရှင်းသာယာလှပရေးအတွက် အမြဲမပြတ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံအတွက်များစွာအကျိုးဖြစ်နိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြော သည်။

ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူသူများ များပြားလျက်ရှိသဖြင့် ပြည်တွင်း၌ ပုဂ္ဂလိက ဆေးရုံလုပ်ငန်းများဆောင်ရွက်မည်ဆိုပါက ပြည်သူများအတွက်များစွာအထောက်အကူပြုမည်ဖြစ်၍ ဆောင်ရွက်ခွင့်ပြုပေးသွားမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here