ရုရှား၏ယူကရိန်းသို့ကျူးကျော်မှု အဆုံးသတ်မည့်ပုံမပေါ်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆို

0
131

ဝါရှင်တန်၊ဒီဇင်ဘာ ၂၃

ရုရှား – ယူကရိန်းစစ်ပွဲသည် အရှိန်အဟုန်ပြင်းပြင်းနှင့်ဆက်ဖြစ်နေပြီး ပဋိပက္ခကိုရပ်တန့်ရန် ရုရှားသမ္မတအနေဖြင့် စိတ်ပါဝင်စားခြင်းမရှိဟု ကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်တိုနီဘလင်ကန်က အခိုင်အမာပြောကြားခဲ့သည်။

ယူကရိန်းသမ္မတဗလာဒီမာဇလန်းစကီး၏ သမိုင်းဝင်ဝါရှင်တန်ခရီးစဉ်အတွင်း ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ သမ္မတပူတင်အနေဖြင့် ဆုံးဖြတ်ချက်တစ်ခုအမြန်ချရန်မျှော်လင့်ကြောင်း မစ္စတာဘလင်ကန်ကပြောကြားခဲ့သည်။

ခရင်မလင်သည် တပ်များရုပ်သိမ်းလိုက်ခြင်းဖြင့် ယခုစစ်ပွဲအားချက်ချင်းရပ်တန့်နိုင်သော်လည်း ယင်းသို့ပြုလုပ်ရန်ပျက်ကွက်ခြင်းက အမှန်တကယ်ငြိမ်းချမ်းရေးရလိုခြင်းဟုတ်မဟုတ်ကို ကျွန်ုပ်တို့စောင့်ကြည့်ရမည်ဖြစ်သည်ဟု ၎င်းကပြောကြားခဲ့သည်။

သို့သော် ကြာသပတေးနေ့နံနက်အစောပိုင်း၌ ရုရှားသမ္မတဗလာဒီမာပူတင်က ၎င်းအနေဖြင့် ယခုပဋိပက္ခအား အနှေးနှင့်အမြန်အဆုံးသတ်နိုင်ပြီး ပိုမိုကောင်းမွန်သောအခြေအနေဖြစ်ပေါ်လာရန် မျှော်လင့်သည်ဟုလည်းပြောကြားခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here