ထိုင်ဝမ်အပါအဝင် မဟာမိတ်များအတွက် ကန်ဒေါ်လာ ၈၅၈ ဘီလျံတန်ဖိုးရှိ ကာကွယ်ရေးဥပဒေမူကြမ်းအား သမ္မတဘိုင်ဒင်လက်မှတ်ရေးထိုး

0
150

ဝါရှင်တန်၊ဒီဇင်ဘာ ၂၄

တရုတ်နိုင်ငံ၏အင်အား တောင့်တင်းလာမှုနှင့် ရုရှား၏ခြိမ်းခြောက်မှုများကြောင့် လာမည့်နှစ်များ၌ ထိုင်ဝမ်အပါအဝင် အခြားမဟာမိတ်များဖြင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်အတွက် ကန်ဒေါ်လာ ၈၅၈ ဘီလျံတန်ဖိုးရှိ ကာကွယ်ရေးမူဝါဒဥပဒေကြမ်းအား သမ္မတဘိုင်ဒင်လက်မှတ်ရေးထိုးခဲ့ကြောင်းသိရှိရသည်။

ယခုလအစောပိုင်းထုတ်ပြန်ချက်တစ်ခုအရ အဆိုပါဥပဒေ၌ သမ္မတဘိုင်ဒင်တောင်းဆိုထားသည့်ဘက်ဂျက်ထက် ကန်ဒေါ်လာ ၄၅ ဘီလျံပို၍တိုးမြှင့်ချထားပေးကြောင်းသိရှိရသည်။

အဆိုပါဥပဒေသည် တရုတ်နှင့်ရုရှားတို့၏ မဟာဗျူဟာပြိုင်ဆိုင်မှုများအပြင် အမေရိကန်ပြည်ထောင်စုအတွက် အရေးကြီးဆုံးအမျိုးသားလုံခြုံရေးဦးစားပေးမှုများအတွက် ရည်ရွယ်သည်ဟုလည်းဆိုသည်။

၎င်းအပြင် ထိုင်ဝမ်သည်တရုတ်၏ဖိအားပေးခံနေရချိန်တွင် ထိုင်ဝမ်၏လုံခြုံရေးစွမ်းရည် ခေတ်မီစေရန် လာမည့်ငါးနှစ်အတွင်း လုံခြုံရေးဆိုင်ရာအကူအညီအတွက် ဒေါ်လာ ၁၀ ဘီလျံအထိ အဆိုပါ ဥပဒေကခွင့်ပြုပေးခဲ့သည်ဟုဆိုသည်။

ဖေဖော်ဝါရီလက ရုရှား၏တိုက်ခိုက်မှုခံခဲ့ရပြီး စစ်ပွဲများဖြစ်နေဆဲ ယူကရိန်းအတွက်လည်း ၂၀၂၃ ဘဏ္ဍာနှစ်၌ လုံခြုံရေးအကူအညီအတွက် ဒေါ်လာ သန်း ၈၀၀ ခွင့်ပြုထားပြီး အဆိုပါပမာဏသည် သမ္မတဘိုင်ဒင်၏တောင်းဆိုမှုထက် ဒေါ်လာ သန်း ၅၀၀ ပို၍ ပေးထားသည်ဟုလည်းဖော်ပြထားသည်။

Source : Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here