ကမ္ဘာ့ရွှေဈေးနှုန်း အတက်အကျရှိနေသော်လည်း ပြည် တွင်းဈေးကွက်တွင် ရွှေဈေးနှုန်း တည်ငြိမ်လျက်ရှိ

0
260

ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးနှုန်း အတက်အကျဖြစ်ပေါ်ကာ ဈေးနှုန်းမတည်ငြိမ်သော်လည်း ပြည်တွင်း ရွှေဈေးကွက်အတွင်း၌ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေ တစ်အောင်စဈေး နှုန်းမှာ ၁၈၂၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး လက်ရှိတွင် ၁၈၀၀ အောက်သို့ပြန်လည်းကျဆင်းလျက် ရှိနေခြင်းဖြစ်သည်။

ယနေ့ ဒီဇင်ဘာ (၂၄) ရက်နံနက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှု န်းမှာ တစ်အောင်စလျင်လျင် အမေရိကန်ဒေါ် ၁၇၉၈ ဒေါ် လာဖြစ်ကြောင်း ရန်ကုန် ရွှေအသင်းမှ သိရသည်။

ယင်းသို့ ကမ္ဘာ့ရွှေဈေးနှုန်း အပြောင်းအလဲဖြစ်ပေါ်နေသော်လည်း ပြည်တွင်း ရွှေဈေးကွက် အခေါက်ရွှေ တစ်ကျပ်သားလျင် ၂၇ သိန်းကျပ် အောက်တွင်သာ ဆက်လ က်တည်ရှိနေပြီး ဈေးကွက်အေးနေကြောင်း ရန်ကုန်မြို့မှ ရွှေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

” ဈေးကွက်က အေးနေတာပေါ့ ။ အဝယ် သိပ်မလိုက်ဘူး ။ အရောင်းသမားတွေလည်း ခပ်ပါးပါးပါပဲ။ ကမ္ဘာ့ရွှေဈေးကတော့ အတက်အကျရှိနေတာပေါ့။ ပြည်တွင်းမှာ ဒေါ်လာဈေး ငြိမ်နေတာလည်း ပါတယ်။ ဒေါ်လာဈေးငြိမ်တဲ့အတွက် ရွှေဈေးလည်း လိုက်ပြီး ငြိမ်နေတဲ့ သဘောပေါ့ ” ဟု ၎င်းက ဆိုသည်။

ယနေ့ ဒီဇင်ဘာ (၂၄) ရက် နေ့လယ်ပိုင်း ဈေးကွက်ပေါက် ဈေးအရ အကယ်ဒမီ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၆၇၅၀၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်း ဈေးကွက်ပိတ်ချိန်တွင်လည်း အခေါ က်ရွှေတစ်ကျပ်သားလျင် ၂၆၇၅၀၀၀ ဝန်းကျင်ဖြင့်သာ ဈေးကွက်ပိတ်ခဲ့ပြီး ဈေးနှုန်းအပြောင်းအလဲ မရှိကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ (၂၄) ရက် ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ အကယ်ဒမီ အခေါက်ရွှေတစ်ကျပ်သားလျင် ၂၁၁၈၀၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here