ဝတ်စားဆင်ယင်မှုအားအကြောင်းပြ၍ အာဖဂန်အမျိုးသမီးများကို ပြည်တွင်းပြည်ပအင်န်ဂျီအိုများ၌ အလုပ်မခန့်ရန် တာလီဘန်များအမိန့်ထုတ်

0
230

ကဘူးလ်၊ဒီဇင်ဘာ ၂၅

အင်န်ဂျီအိုများရှိ အမျိုးသမီးဝန်ထမ်းများ၏ ဝတ်စားဆင်ယင်မှုများနှင့်ပတ်သက်၍ မ ေကျနပ်မှုများရှိသည်ဟုဆိုကာ ပြည်တွင်းပြည်ပအင်န်ဂျီအိုများ၌ အမျိုးသမီးဝန်ထမ်းများအား အလုပ်မခန့်ရဟူသော အမိန့်အား အာဖဂန်နစ္စတန်ရှိ တာလီဘန်ခေါင်းဆောင်များက ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ယင်းနောက် အဆိုပါအမိန့်အားမလိုက်နာသော အင်န်ဂျီအိုအဖွဲ့များ၏ လုပ်ငန်းလိုင်စင်များကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်းခြိမ်းခြောက်ခဲ့သည်။

အဆိုပါအမိန့်ကြောင့် အကူအညီအပေါ်မှီခိုနေရသော လူသန်းပေါင်းများစွာရှိသည့်နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးအပေါ် သက်ရောက်မှုရှိကြောင်း နိုင်ငံတကာရှုံ့ချမှုများ လျင်မြန်စွာဖြစ်ပေါ်လာစေခဲ့သည်။

ယခုအမိန့်မတိုင်မီကလည်း တာလီဘန်အာဏာပိုင်များသည် အာဖဂန်အမျိုးသမီးများအား တက္ကသိုလ်တက်ရောက်ခွင့်ပိတ်ပင်လိုက်ခြင်းကြောင့် နိုင်ငံတကာ ကို အလွန်အမင်း ဒေါသ ထွက်စေကာ အာဖဂန်မြို့ကြီးအချို့တွင် လည်း ဆန္ဒပြမှုများဖြစ်ပေါ်စေပြီးနောက် ယခုနောက်ဆုံးကန့်သတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်ဩဂုတ်လက တာလီဘန်များအာဏာပြန်ရချိန်တွင် ပျော့ပျောင်းညင်သာသောနည်းဖြင့် အုပ်ချုပ်ပါမည်ဟုကတိပြုခဲ့သော်လည်း ယခုအခါပိုမိုတင်းကြပ်သောစည်းမျဉ်းများဖြင့် အမျိုးသမီးများအား လူ့အသိုင်းအဝိုင်းမှဖယ်ထုတ်နေသည်ဟုလည်းဖော်ပြထားသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here