မင်္ဂလာဒုံမြို့နယ်၌ ခရီးသည်တင် YBS ၄၃ တိမ်းမှောက်

0
264

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်ရှိ ဒေဝူးကားမှတ် တိုင်အနီးတွင် ဒီဇင်ဘာ ၂၅ ရက်(ယနေ့)နံနက်ပိုင်းက ခရီးသည်တင် YBS ၄၃ ကားတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ပြည်လမ်းရှိ ဒေဝူးကားမှတ်တိုင်အနီးတွင် ခရီးသည်တင် YBS ၄၃ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာရသူများ ရှိ/မရှိအား သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

“မနက်က ကျွန်တော်တို့ဘက်မှာ မိုးရွာတော့လမ်းကချော်နေတာ စလစ်ဖြစ်ပြီးမှောက်သွားတယ်လို့ထင်တယ် ကျွန်တော်သွားကြည့်တော့ ကားပေါ်မှာဘယ်သူမှမတွေ့ဘူး မှောက်နေတဲ့ကားကိုပဲတွေ့ရတယ်”ဟု မင်္ဂလာဒုံမြို့နယ်နေသူတစ်ဦးကပြော သည်။

YBS ၄၃ သည်တိမ်းမှောက်ခဲ့သည့်အရှိန်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး တာဝန်ရှိသူများက လမ်းပိတ်ဆို့မှုမဖြစ်စေရန် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here