ခရစ်စမတ် ခရီးသွားရာသီ ဆီဈေးငြိမ်နေခြင်းကြောင့် အပန်းဖြေခရီးထွက်သူများ ကုန်ကျစရိတ် လျှော့ချနိုင်မည်ဟုဆို

0
95

ခရစ်စမတ် ခရီးသွားရာသီတွင် စက်သုံးဆီဈေးနှုန်းများ တည်ငြိမ်နေသည့်အတွက် ပြည်တွင်းခရီးသွားလမ်း ကြောင်း စီစဉ်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာဖြ င့် လမ်းကြောင်း စီစဉ်နိုင်ကြောင်း သိရသည်။

နှစ်စဉ် ခရစ်စမတ် ရုံးပိတ်ရက်နှင့် နှစ်သစ်ကူး ရုံးပိတ် ရ က်များတွင် ကမ်းခြေများ ၊ တောင်ပေါ်ဒေသများနှင့် ပြ ည်တွင်းရှိ အထင်ကရနေရာများသို့ အပန်းဖြေခရီးထွက်သူများ များပြားလျက်ရှိခြင်းဖြစ်သည်။

ယင်းသို့ အပန်းဖြေ ခရီးထွက်သူအများစုမှာ ပြည်တွင်းရှိ ခရီးသွား ကုမ္ပဏီများနှင့် ချိတ်ဆက်၍ သွားလာမှုများပြီး ခရီးသွားကုမ္ပဏီများအနေဖြင့် ဆီဈေးနှုန်း ပေါ်မူတည်ကာ ခရီးစဉ်စရိတ်ကို တွက်ချက်တောင်းခံရမှုကြောင့် ဆီဈေး မြင့်တက်နေပါက ခရီးသွားများအနေဖြင့် ငွေကြေးကုန်ကျမှု ပိုများနိုင်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

” ဆီဈေး ကျနေတော့ သူတို့အတွက် နည်းနည်းတော်တာပေါ့။ မဟုတ်ရင် ဆီဈေးပေါ်မူတည်ပြီး ယူရတော့ ပိုကုန် ကျတာပေါ့။ ပုံမှန် (၁၀) သိန်းလောက် ကျမယ့် ခရီးစဉ်က ဆီဈေးတက်နေရင် (၁၅) သိန်းလောက် တောင်းရတာပေါ့ ။ ဒီရာသီကတော့ ဆီဈေးက ငြိမ်နေတော့ စိတ်မမောရတော့ဘူးပေါ့ ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် လများအတွင်းက ပြည်တွင်း၌ ဒေါ်လာဈေး နှုန်း အဆမတန်မြင့်တက်မှုကြောင့် စက်သုံးဆီ ဈေးနှုန်းပါ စံချိန်တင် မြင့်တက်ခဲ့ပြီး လက်ရှိအချိန်တွင် စက်သုံးဆီ တစ်လီတာလျင် ၂၀၀၀ ကျပ်အောက်၌သာ ဆက်လ က်ရပ်တည်နေခြင်း ဖြစ်သည်။

ယနေ့ ဒီဇင်ဘာ(၂၅) ရက်တွင် ရန်ကုန်တိုင်းအတွင်း၌ 92 Ron တစ်လီတာလျင် ၁၉၇၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၀၅၅ ကျပ်၊ HSD(500 ppm)မှာ တစ် လီတာလျင် ၂၃၀၀ ကျပ်၊ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ်လီတာလျင် ၂၃၈၀ ကျပ်ဖြင့် ရောင်း ချရန် စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ရည်ညွှန်းလက်လီ စျေးနှုန်းအဖြစ် ထုတ်ပြန်ထားသည်။

ထိုပြင် လက်ကားစျေးနှုန်းမှာလည်း 92 Ron တစ်လီတာလျင် ၁၈၇၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၉၅၇ ကျ ပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၁၉၅ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တိုမှာ တစ်လီတာလျင် ၂၂ ၆၈ ကျပ်ဖြင့် ရောင်းချရန် သတ်မှတ်ထားခြင်းလည်းဖြစ် သည်။

ယင်းကဲ့သို့ စက်သုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိနေခြင်းသ ည် ခရီးသွားရာသီ ပြီးဆုံးသည်အထိ ဆက်လက်ရှိနေပြီး နယ်မြေစိုးမိုးမှုနှင့် မတည်မငြိမ်ဖြစ်မှုများ လျော့ကျလာမည် ဆိုပါက ယခုနှစ် ခရီးသွားရာသီအတွင်း ခရီးသွားလုပ်ငန်းများ အနည်းငယ်ပြန်လည် ဦးမော့ လာနိုင်ကြော င်းလည်း ရန်ကုန်အခြေစိုက် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပေါ်ပြူလာနယူး(စ်)သို့ ပြောသည်။

” အကုန်လုံးမဟုတ်တောင် အများစုကတော့ ဆိုင်တာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ အစ်မတို့ဆို လမ်းကြောင်းရှည်တွေ စီစဉ်ရတာများတယ်။ အဲဒီတော့ ဆီဈေးက ရာ ခိုင်နှုန်း တော်တော်များများ သက်ဆိုင်မှုရှိနေတယ်။ အခုလိုမျိုးကနေ ထပ်မတက်ဘဲ ရာသီကုန်တဲ့အထိ ရှိနေမယ်ဆိုရင်တော့ ကောင်းတာပေါ့။ နောက်တစ်ခုက လုံခြုံ ရေးပေါ့။ တည်တည်ငြိမ်ငြိမ်လေး ရှိလာပြီဆိုရင်တော့ အစ်မတို့ ခရီးသွား လုပ်ငန်းတွေလည်း အနည်းနဲ့အများ ပြန်ပြီးကောင်းလာနိုင်တာပေါ့ ” ဟု ၎င်းက ဆိုသည်။

ပြည်တွင်း ခရီးသွားအများစုသည် ခရစ်စမတ် ရုံးပိတ်ရ က်အတွင်း ကမ်းခြေများဖြစ်သည့် ချောင်းသာ ၊ ငွေဆော င်၊ ငပလီ ၊ ဂေါ်ရင်ဂျီကျွန်း အပါအ ဝင် ပြင်ဦးလွင် ၊ က လော၊ တောင်ကြီး ၊ အင်းလေး ၊ ပုဂံညောင်ဦး အစရှိသ ည့် နေရာများနှင့် အခြား အထင်ကရနေရာများသို့ အပန်း ဖြေခရီးသွားရောက်မှုများ များပြားနေပြီး ယခင်နှစ် ကာလတူ ခရီးသွားရာသီထက် ခရီးသည်ဝင်ရောက်မှု ပိုမိုများပြားကြောင်း ခရီးသွားကုမ္ပဏီ အချို့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here