၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးအစားအစာများစာရင်း၌ အိန္ဒိယကနံပါတ် (၅) နေရာရရှိ

0
152

အိန္ဒိယသည် ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဟင်းလျာများစာရင်း၏ ပဉ္စမအဆင့်တွင်ရှိသည်ဟုသိရှိရသည်။အီတလီနိုင်ငံသည် ပထမအဆင့်ရရှိခဲ့ပြီး  ဂရိနှင့်စပိန်တို့က ဒုတိယနှင့်တတိယနေရာအသီးသီးရရှိကြကာ ဂျပန်အစားအစာသည် စတုတ္ထနေရာ၌ရှိခဲ့သည်။

အဆင့်သတ်မှတ်ချက်၌ ပါဝင်ပစ္စည်းများ၊ဟင်းပွဲနှင့် အဖျော်ယမကာများအတွက် ပရိသတ်များ၏ မဲပေးရွေးချယ်မှုအပေါ် အခြေခံထားခြင်းဖြစ်ပြီး အိန္ဒိယက ၄ ဒသမ ၅၄  မှတ်ရခဲ့ကြောင်းသိရှိရသည်။

TasteAtlas Awards ၂၀၂၂ ရလဒ်များအရ အိန္ဒိယနိုင်ငံ၏ အကောင်းဆုံးအဆင့်သတ်မှတ်ထားသော အစားအစာပါဝင်ပစ္စည်းများမှာ ဂါရန်မဆလာ၊‌ထောပတ်၊ မလိုင်၊ ထောပတ်နံပြားနှင့် ကီးမားတို့ဖြစ်ပြီး အခြားပစ္စည်း ၄၀၀ ကျော်လည်းပါဝင်သည်။

အဆိုပါစာရင်း၌ အိန္ဒိယရှိအကောင်းဆုံးစားသောက်ဆိုင်များစာရင်းကိုလည်းဖော်ပြထားသည်။တရုတ်အစားအစာများက အဆင့် (၁၁)နေရာရှိခဲ့ပြီး အမေရိကသည် အဆင့် (၈) နှင့် ပြင်သစ်သည် အဆင့် (၉) စသဖြင့်အသီးသီးရရှိခဲ့ကြသည်။

ထိုင်းအစားအစာများသည် လူကြိုက်များသော်လည်း ယခုစာရင်း၌ အဆင့် (၃၀) နေရာတွင်သာရရှိခဲ့သည်ဟုလည်းဖော်ပြထားသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here