ခရစ်စမတ်နေ့တွင် ချောင်းသာ ၊ ငွေဆောင်နှင့် ကလောတို့တွင် ဟိုတယ် အခန်းများ အားလုံးပြည့်သည်အထိဖြစ် ၊ ပုဂံတွင်လည်း ဘုရားဖူး လာရောက်မှုများပြား

0
288

ဒီဇင်ဘာ (၂၅) ရက် ခရစ်စမတ်နေ့တွင် မြန်မာပြည် အနှံ့ရှိ အပန်းဖြေရာ နေရာများသို့ ခရီးသွားများ သွားရောက် အပန်းဖြေလျက်ရှိရာ ချောင်းသာ၊ငွေဆောင်နှင့် ကလောတို့တွင် ဟိုတယ်နှင့်တည်းခိုခန်းများ အခန်းမရတော့သည်အထိ များပြားနေပြီး ပုဂံတွင်လည်း ဘုရားဖူး ခရီးသ ည်ဝင်‌ ရောက်မှု များပြားကြောင်း ခရီးသွားလုပ်ငန်း လုပ် ကိုင်သူ အချို့ ထံမှ သိရသည်။

” ခရီးသွား အခြေအနေကတော့ များလားမများလားပြောမနေနဲ့ ။ ချောင်းသာရော ၊ ငွေဆောင်ရော ကလောမှာပါ အခန်းတွေ အကုန်လုံး ပြည့်ကုန်တာ။ အစ်မတို့တောင် မနေ့က ကားတချို့ ဟိုတယ်အခန်းမရတော့လို့ မထွက်လို က်ရဘူး ” ဟု ရန်ကုန်အခြေစိုက် ခရီးသွားလုပ်ငန်းလုပ် ကိုင်သူ တစ်ဦးက ပြောသည်။

လက်ရှိကာလသည် ခရီးသွားရာသီဖြစ်သည့်အပြင် ခရစ်စမတ်နှင့် နှစ်သစ်ကူးရုံးပိတ်ရက်များဖြင့် တိုက်ဆိုင်နေသည့်အတွက် ပြည်သူအများစုမှာ ချောင်းသာ ၊ ငွေဆော င် ၊ ငပလီ ၊ ကလော၊ ပြင်ဦးလွင် အစရှိသည့်ဒေသများသို့ အပန်းဖြေခရီးထွက်လျက်ရှိနေခြင်းဖြစ်ပြီး ပုဂံတွင်လည်း  ဘုရားဖူးဝင်ရောက်မှု များပြးလျက်ရှိခြင်း ဖြစ်သည်။

” ဒီပိတ်ရက်တွေမှာ ပုဂံကို ဘုရာဖူးသွားကြတယ်။ ပုဂံမှာဘုရားဖူးတွေနဲ့တော်တော်စည်ပါတယ်။ ပုဂံကနေ မကွေးမြသလွန် ၊ရွှေစက်တော်ဘုရားဆက်သွားကြမယ့်သူတွေလဲများတယ်” ဟု ဘုရားဖူးကားလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကပြောသည်။

အပန်းဖြေ ခရီးထွက်သူများအနေဖြင့် ခရီးသွားကုမ္ပဏီများနှင့် ချိတ်ဆက်၍ သွားကြသူပိုမိုများပြားနေပြီး မိမိအစီအစဉ်ဖြင့် သီးသန့် သွားကြသူများလည်း ရှိနေကြောင်း သိရသည်။

လက်ရှိ ကာလအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု မရှိသည့် နေရာများတွင် ခရီးသွားဝင်ရောက်မှုနည်းပါးသော်လည်း မြန်မာနိုင်ငံရှိ အပန်းဖြေ‌လည်ပတ်စရာ နေရာအများစုမှာ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိကာ ခရီး သွားများ ဝင်ရောက်လျက်ကြောင်း သိရသည်။

ယခုကဲ့သို့ ခရစ်စမတ် ၊ နှစ်သစ်ကူး ၊ သတင်းကျွတ်၊ သင်္ကြန် ရုံးပိတ်ရက် စသည့် အခါကြီး ရက်ကြီးများတွင် ခ ရီးသွားများ ပိုမိုဝင်ရောက်ကာ ခရီးသွား ကုမ္ပဏီများအ နေဖြင့် အလုပ်ဖြစ်လျက်ရှိကြောင်းလည်း သိရသည်။

” အများစုက ပက်ကေ့ခ်တွေနဲ့ သွားကြတာ ။ အခုမှ ထသွား ထလာမဟုတ်ဘူး။ နှစ်ပတ် သုံးပတ်တည်းက ကုမ္ပ ဏီတွေက ကြိုတင်ပြီးတော့ ဘိုကင် လုပ်ထားကြတာ။ ဒီလို ကာလတွေက ခရီးသွား ကုမ္ပဏီတွေ အလုပ်အရမ်းဖြစ်တယ် ” ဟု ရန်ကုန်အခြေစိုက် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

ယခုကာလအတွင်း ကုမ္ပဏီများဖြင့် အပန်းဖြေခရီး ထွက်မည်ဆိုပါက လူတစ်ဦးအတွက် တစ်ရက်စာစရိတ်မှာ  အ နည်းဆုံး (၁) သိန်းဝန်းကျင်မှ (၅) သိန်း ဝန်ကျင်အထိကုန် ကျနိုင်ပြီး မိမိတတ်နိုင်သည့် ပက်ကေ့ခ်ပုံစံများဖြင့် စိတ် တိုင်းကျ စီစဉ်ခိုင်း၍ ရကြောင်းလည်း ၎င်းက ဆိုသည်။

ငွေကြေးချွေတာ လိုသူများအနေဖြင့် မိမိအစီအစဉ်ဖြင့် မိမိ သွားရောက်မည်ဆိုပါက တည်းခိုစရိတ်၊ စားသောက်စရိတ်နှင့် အထွေထွေကုန်ကျ စရိတ် အပါအဝင် တစ်ရက်လျင် (၁) သိန်းဝန်းကျင်မှ (၃) သိန်းဝန်းကျင်အထိကုန်ကျနိုင်ကြောင်းလည်း ၎င်းက ရှင်းပြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here