ပက်ထရီရော့ လေကာစနစ်အား ရာနှုန်းပြည့်ဖျက်ဆီးနိုင်ဟု ပူတင်ဆို

0
133

အကယ်၍ အမေရိကန်သာ ပက်ထရီရော့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ယူကရိန်းသို့ ပေးပို့မည်ဆိုပါက မိမိတို့ကလည်း ရာနှုန်းပြည့် ဖျက်ဆီးပစ်မည်ဟု သမ္မတ ပူတင်က Rossiya-1 ရုပ်သံအစီအစဉ်မှ ယနေ့ တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

“ဒါပေါ့ ကျုပ်တို့က ၁၀၀ ရာခိုင်နှုန်း ဖျက်ဆီးပစ်လိုက်မှာပေါ့”ဟု သမ္မတပူတင်က သတင်းစာဆရာ Pavel Zarubin နှင့် အင်တာဗျုးတွင်ပြောကြားလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင်မူ ယူကရိန်းတွင် အဆိုပါ ဒုံးကျည်ကာကွယ်ရေးစနစ်မရှိသေးကြောင်းကိုလည်း ပူတင်ကပြောသည်။

“ပက်ထရီရော့ လေကြောင်းရန် ကာကွယ်ရေးစနစ်ဟာ အတော်လေး ခေတ်နောက်ကျနေပြီဖြစ်ပြီး၊ သူ့ကို ကျော်လွှားလို့ရတဲ့နည်းလမ်းတွေလဲ ရှိပါတယ်”ဟုလည်းသူကဆိုသည်။

ဒီဇင်ဘာ ၂၁ ရက်တွင် ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ဖိတ်ကြားချက်အရ ဝါရှင်တန်သို့ သွားရောက်ခဲ့သည်။ ၎င်း၏ခရီးစဉ်အတွင်း အမေရိကန်က ဒေါ်လာ ၁.၈၅ ဘီလီယံတန်ဖိုးရှိ အကူအညီပေးရေး အစီအစဉ်သစ်ကို ကြေညာခဲ့သည်။ ၎င်းအစီအစဉ်တွင် ထရပ်ကားကိုယ်ထည်အတွင်း ရေဒါနှင့် ထိန်းချုပ်ရေးစခန်းတစ်ခုပါရှိသော ပက်ထရီရော့ လေကြောင်းရန်ကာကွယ်ရေးစနစ်လည်းပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here