မိုင်းဖုန်းဆရာတော်ကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာ ၌ စတုဒိသာကျွေးမွေးလှူဒါန်းမည်

0
338

မိုင်းဖုန်းဆရာတော်ကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားအား ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၁ ရက်မှ ၆ ရက်အထိ တာချီလိတ်မြို့၊လွန်းလိန်းကျောင်း တိုက်တွင် ကျင်းပသွားမည်ဖြစ်သည်။

မိုင်းဖုန်းဆရာတော်ကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာ ၌ လာရောက်သူများအား စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများကို အနယ်နယ်အရပ်ရပ်မှ အဖွဲ့ပေါင်းများစွာကပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ စတုဒိသာကျွေးမွေးလှူဒါန်းသည့် စာဂ ပေးကမ်းလှူဒါန်းခြင်းများကိုသာ လွန်းလိန်းနယ်မြေအတွင်း၌ ခွင့်ပြုပေးထားသဖြင့် အခကြေးငွေရယူကာ စျေးရောင်းချခြင်းများအား တားမြစ်ထားသည်ဟု သိရသည်။

ထို့ပြင် မွေးနေ့မင်္ဂလာကျင်းပနေချိန်၌ ယာဥ်ကြောပိတ်ဆို့မှုမရှိစေရန် လွန်းလိန်းစေတီအဝင်မုဒ်ဦးမှစ၍ စျေးရောင်းချမည့် လူ၊ကား၊ဆိုင်ကယ်၊စက် ဘီး၊တွန်းလှည်းများကို ဝင်ရောက်ခွင့်တားမြစ်ထားကြောင်း သိရသည်။

ထိုသို့ တားမြစ်ထားမှုအား လိုက်နာခြင်းခြင်းမရှိပါက မွေးနေ့မင်္ဂလာအတွက် လုံခြုံရေးတာဝန်ယူထားသူများက စျေးသည်များ၏ပစ္စည်းများကို မွေးနေ့မင်္ဂလာပြီးဆုံးသည်အထိ သိမ်းဆည်းထားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here