တရုတ်အနေဖြင့် စိုက်ပျိုးရေးနည်းပညာတွင် မိမိကိုယ်ကိုယ်မိမိအားကိုးရမည်ဟုသမ္မတရှီဆို

0
113

ပေကျင်း၊ဒီဇင်ဘာ ၂၅

တရုတ်သမ္မတရှီသည် စိုက်ပျိုးရေးနည်းပညာတွင် မိမိကိုယ်ကိုယ်မိမိအားကိုးနိုင်ရေးကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန်လိုလားလျက်ရှိကာ မျိုးစေ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဓိကထားဆောင်ရွက်ရမည့် နယ်ပယ်များနှင့်ပတ်သက်သည့် ပင်မစက်ကိရိယာများကိုလည်းထုတ်လုပ်လိုကြောင်း နိုင်ငံပိုင်မီဒီယာကတစ်ဆင့် ပြောကြားခဲ့သည်။

နိုင်ငံ၏မျိုးစေ့ထုတ်လုပ်ငန်းသည် စားနပ်ရိက္ခာကွင်းဆက်၌ ချိတ်ဆက်မှုအားနည်းပြီး လုပ်ငန်းအောင်မြင်ရန် သိပ္ပံနှင့်နည်းပညာကို ပိုမိုကောင်းမွန်စွာအသုံးပြုရန်လိုအပ်ကြောင်းလည်း ဗဟိုခေါင်းဆောင်များက ၂၀၂၀ ပြည့်နှစ်ကပြောကြားခဲ့သည်။

“ကမ္ဘာ့စိုက်ပျိုးရေးသိပ္ပံနဲ့နည်းပညာတွေကို စောင့်ကြည့်ဖို့လိုအပ်ပါတယ်” ဟု ပေကျင်းမြို့၌ကျင်းပသည့် ဗဟိုကျေးလက်လုပ်ငန်းကွန်ဖရင့်၌ ရှီ၏ပြောကြားချက်အား ကိုးကား၍ဆင်ဟွာသတင်းဌာနကဖော်ပြခဲ့သည်။

ပိုမိုထိရောက်သော ဆန်းသစ်တီထွင်မှုများဖြင့် တရုတ်နိုင်ငံစိုက်ပျိုးရေးကဏ္ဍ၏ သိပ္ပံနှင့်နည်းပညာကို အစွမ်းကုန်မြှင့်တင်ရန်လည်း သမ္မတက တိုက်တွန်းခဲ့သည်။

စီးပွားဖြစ်အသုံးချမှုသို့ ပြောင်းလဲနှုန်းနှင့် သုတေသနအဖွဲ့များကြား ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းကဲ့သို့သော ဆန်းသစ်တီထွင်မှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်လည်း ရှီကတိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံသည် စိုက်ပျိုးရေးအခြေခံသုတေသနအတွက် ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံထားသော်လည်း စျေးကွက်သို့ဆန်းသစ်သည့်နည်းများယူဆောင်လာနိုင်စေရန် ရေရှည်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၌ ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီမှာမူအနည်းငယ်သာရှိသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here