ပန်းဆိုးတန်း-ဒလပြေးဆွဲသည့် ခရီးသည်တင် ချယ်ရီသင်္ဘော၏ ပြေးဆွဲမှုခေါက်ရေလျော့ချ

0
183

ရန်ကုန်မြို့ရှိ ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ် ကမ်းသို့ ခရီးသည်များအားတင်ဆောင်၍ နေ့စဥ်ပြေးဆွဲပေးနေသည့် ချယ်ရီသင်္ဘောများ၏ ပြေးဆွဲမှုခေါက်ရေအား ဒီဇင်ဘာ ၂၆ ရက်(ယနေ့)မှစတင်ကာ ခေါက်ရေလျော့ချခဲ့ကြောင်း သိရသည်။

ထိုသို့ ခေါက်ရေလျော့ချရာတွင် ယခင်က ၄၂ ခေါက်ပြေးဆွဲပေးခဲ့ရာမှ ၂ ခေါက်လျော့ချ၍ ခေါက်ရေ ၄၀ သာပြေးဆွဲပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ဒလဆိပ်ကမ်းမှ ည ၆ နာရီ ၄ဝ မိနစ်တွင်နောက် ဆုံးခေါက်အဖြစ်ပြေးဆွဲ၍ ပန်းဆိုးတန်းဆိပ်ကမ်းမှ ည ၇ နာရီတွင် နောက်ဆုံးခေါက်အဖြစ်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဆိပ်ကမ်းကလက်မှတ်ရောင်းတဲ့လူတွေကိုမေးကြည့်တော့ ဟုတ်တယ်လို့ပြောပါတယ်၊ သင်္ဘောထွက်ချိန်တွေကို သတ်မှတ်ပြီးအသိပေးမယ်လို့ပြောတယ်”ဟု ဒလမြို့နယ်ဘက်မှတဆင့် ရန်ကုန်မြို့ထဲဘက်၌ နေ့စဥ်လာရောက်အလုပ်လုပ်ကိုင်နေသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောသည်။

ချယ်ရီသင်္ဘောများ၏ ယခင်သင်္ဘောစီးနင်းခအား တစ်ဦးလျှင် ၁၀၀ ကျပ်သတ်မှတ်ခဲ့ရာမှ ၂၀၂၂ ခုနှစ်၊သြဂုတ် ၁ ရက်မှစတင်၍ တစ်ဦးလျင် ၂၀၀ ကျပ်သို့ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here