ရည်ရွယ်ချက်ကောင်းများစွာဖြင့်ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်လူငယ်နှင့်စာပေအနုပညာပြပွဲအခမ်းအနားအားကျင်းပ

0
272

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ်လူငယ်နှင့်စာပေအနုပညာပြပွဲအခမ်းအ နားအား ဒီဇင်ဘာ ၂၆ ရက်နံနက်ပိုင်းက နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပခဲ့သည်။

အခမ်းအနားအား နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးမောင်မောင်အုန်း၊ဒေါက်တာညွန့်ဖေနှင့်ဦးမင်းသိန်ဇံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့သည် လူငယ်နှင့်စာပေအနုပညာပြပွဲ ပြခန်းများနှင့်“ကြီးမြတ် သောမြန်မာ” မှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့မှု မှတ်တမ်းပြခန်းတို့အား ကြည့်ရှုခဲ့ကြသည်။

ထို့ပြင် ညီလာခံခန်းမ၌ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများနှင့်မြန်မာပြည်သိန်းတန်၊တင်မောင်ဆန်းမင်းဝင်းနှင့်အဖွဲ့တို့၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲအား ကျောင်းသား၊ကျောင်းသူလူငယ်များ စာအုပ်စာစောင်များကို တန်ဖိုးထားဖတ်ရှုလိုစိတ်ဖြစ်ပေါ် လာစေရန်၊စာပေ၏အကျိုးကျေးဇူးကိုသိရှိနိုင်စေရန်၊ရုပ်ရှင်အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့်အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားစေရန်၊လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ၊ကို လိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကိုသိမြင်စေကာ မိမိတို့နိုင်ငံ၏လွတ်လပ် ရေးကို လေးစားတန်ဖိုးထားတက်စေရန်၊ဓာတ်ပုံအနုပညာပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏အေးချမ်း တည်ငြိမ်မှု၊သာယာလှပမှု၊ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသအလှအပများကို သိရှိခံစားပြီး မိမိတို့၏ တိုင်း/ပြည်နယ်များအပေါ် မြတ်နိုးတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန်၊ပြ ခန်းများခင်းကျင်းပြသမှုများမှတစ်ဆင့် ဝန်ကြီး ဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များကို အလွယ်တကူသိမြင်နိုင်စေရန် ရည်ရွယ်၍ ကျင်း ပခြင်းဖြစ်သည်။

ပြပွဲအား ဒီဇင်ဘာ ၂၈ ရက်အထိကျင်းပမည်ဖြစ်ကာ ဝန်ကြီးဌာနအသီးသီးမှ စာအုပ်၊စာစောင်ပြ ခန်းများနှင့်စာအုပ်အရောင်းဆိုင်များ၊“ကြီးမြတ် သောမြန်မာ”မှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့မှုမှတ် တမ်းပြခန်းများအပါအဝင် ပြခန်းပေါင်း ၆၂ ခန်း ဖွင့်လှစ်ပြသထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here