မြောက်ကိုရီးယားဒရုန်း ၅စင်းထက်မနည်း တောင်ကိုရီးယားဝေဟင်ပိုင်နက်ထဲဝင်ရောက်ခဲ့

0
125

မြောက်ကိုရီးယားတို့၏ မောင်းသူမဲ့ ဒရုန်းလေယာဉ် ၅စင်းထက်မနည်း တောင်ကိုရီးယားဝေဟင်ပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ကြကြောင်း တောင်ကိုရီးယားတပ်မတော်၏ ပြောကြားချက်ကို ကိုးကား၍ News1 သတင်းအေဂျင်စီက ယနေ့ တနင်္လာနေ့တွင်ရေးသား ဖော်ပြခဲ့သည်။

အဆိုပါ မြောက်ကိုရီးယား ဒရုန်းများသည် အရွယ်အစား ၂ မီတာထက် မပိုသော ဒရုန်းငယ်များဖြစ်ကြောင်း၊ တစ်စင်းက ဆိုးလ်မြို့မြောက်ပိုင်းရပ်ကွက်များဖက်သို့သွားကာ၊ အခြား ၄စင်းမှာမူ Ganghwa ကျွန်းပေါ်မှ ဖြတ်သန်းသွားကြောင်း၊ မိမိကိုယ်မိမိ ခုခံပိုင်ခွင့်အပေါ် အခြေခံ၍ တောင်ကိုရီးယားစစ်တပ်က ချက်ခြင်းတုန့်ပြန်ခဲ့ကြောင်း တောင်ကိုရီးယားတပ်မတော် ပူးတွဲစစ်ဦးစီးချုပ်ကပြောကြားသည်။

ယင်းဒရုန်းများသည် အမှတ်အသားမပါသဖြင့် တိုက်ရိုက်ပြောရန်မဖြစ်နိုင်သော်လည်း မြောက်ကိုရီးယားဒရုန်းများဟု သံသယဖြစ်ဖွယ်ရာတို့ကို တွေ့ရှိခဲ့ကြောင်းသိရသည်။ ဝေဟင်ပိုင်နက်ချိုးဖောက်မှုသည် ရှင်းလင်းစွာ ရန်စမှုတစ်ခုဖြစ်ကြောင်းကိုလည်း တောင်ကိုရီးယားတပ်မတော် ပူးတွဲစစ်ဦးစီးချုပ်ကပြောကြားသည်။

Ref: Five drones intruded into South Korean airspace — agency


LEAVE A REPLY

Please enter your comment!
Please enter your name here