ခရီးသည်တင်ကားက Hyundai Porter II ကားအားနောက်မှဝင်တိုက်၍ ကလေးငယ် ၂ ဦးအပါ အဝင် ၅ ဦးဒဏ်ရာရရှိခဲ့မှု ရန်ကုန်-မန္တလေးအမြန်လမ်းတွင်ဖြစ်ပွား

0
353

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ပန်းတင်အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင်တွင် ဒီဇင်ဘာ ၂၆ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

ယင်းနေ့ည ၉ နာရီခွဲက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုက်တိုင်အမှတ် ၂၁၇/၃ နှင့် ၂၁၇/ ၄ ကြားတွင် ခရီးသည်တင်ကားက ရှေ့မှသွားနေသည့် ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးလိုက်ပါလာသည့် Hyundai Porter II(အဖြူရောင်)ကား ၏နောက်ပိုင်းအား အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိခဲ့သည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသူများရှိနေကြောင်း သတင်းအရ ပန်းတင်အမြန်လမ်းမီး သတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်ပန်းတင်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

အခင်းဖြစ်နေရာ၌ HYUNDAI Porter ll ကားပေါ်တွင် လိုက်ပါလာသည့် ကလေးငယ် ၂ ဦးအပါအ ဝင် ၅ ဦးလုံး၌ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် နေ ပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ခရီးသည်တင်ကားမောင်းသူအား ဥပဒေအရအရေးယူရန် ပန်းတင်အမြန်လမ်းရဲစခန်းမှ အမှုဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here