ရုရှားနှင့်တရုတ်သမ္မတတို့ ယခုတစ်ပတ်အတွင်း ဆွေးနွေးမည်

0
157

မော်စကို၊ဒီဇင်ဘာ ၂၆

ရုရှားသမ္မတပူတင်နှင့် တရုတ်သမ္မတရှီတို့သည် ယခုတစ်ပတ်အတွင်း ဆွေးနွေးမည်ဖြစ်ကြောင်း ရုရှားသတင်းဌာန တပ်စ် ကဖော်ပြခဲ့သော်လည်း အသေးစိတ်ကိုမူထုတ်ပြန်ကြေငြာခြင်းမရှိပေ။

ရုရှားက ယူကရိန်းသို့ စစ်ဆင်ရေးမစမီသုံးပတ်အလို ဖေဖော်ဝါရီလကလည်း သမ္မတပူတင် သည် ပေကျင်းသို့လာရောက်ခဲ့သေးသည်။

ထိုအချိန်ကတည်းက တရုတ်နှင့်ရုရှားကြား အကန့်အသတ်မရှိသော မဟာမိတ်ဆက်ဆံရေးကိုလည်းကြေငြာခဲ့သည်။

ယူကရိန်းအရေးနှင့်ပတ်သက်၍ တရုတ်က စိုးရိမ်ကြောင်း စက်တင်ဘာလက ထုတ်‌ဖော်ပြောကြားခဲ့သော်လည်း အနောက်အုပ်စုက ရုရှားအားရှုံ့ချ၊ ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ချိန်၌ တရုတ်နိုင်ငံအနေဖြင့် နှုတ်ဆိတ်သာနေခဲ့သည်။

သို့သောတရုတ်အနေဖြင့် ယူကရိန်းအရေး၌ပါဝင်သည့် သက်ဆိုင်သူအားလုံးကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်စေလိုပြီး နိုင်ငံရေးနည်းအရသာ ‌ဖြေရှင်းရန် မျှော်လင့်မိသည်ဟုလည်း သမ္မတရှီကပြောကြားခဲ့ဖူးသည်ဟု ဆင်ဟွာ၌ရေးသားထားသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here