မိုးကုတ်တွင် ကျောက်တွင်းပြိုကျမှုကြောင့် အမျိုးသား တစ်ဦး သေဆုံး

0
101

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ကျောက်တွင်းပြိုကျမှုကြောင့် အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ (ဒီဇင်ဘာ ၂၆ ရက်) မွန်းလွှဲ ၁၂ နာရီ၁၅ မိနစ်အချိန်ခန့်တွင် မိုးကုတ်မြို့၊ ကတုတ်ကွက်သစ်၊ ရေပူရပ်ကွက်ရှိ အနက်(၈၀)ပေ၊ အကျယ်(၄)ပေခန့်ရှိသော ကျောက်တွင်းဟောင်းအတွင်း ကျောက်ရှာရာမှ ကျား(၁)ဦး တွင်းပြိုကျ၍ပိတ်မိမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် လယ်ဦးနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၂ နာရီ ၂၀ အချိန်ခန့်တွင် ကျား(၁)ဦး (သေဆုံး) အား ရှာဖွေတွေ့ရှိခဲ့ပြီး မြတ်စေတနာလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here