တောင်ငူတွင် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားကျ င်းပမည့် အားကစားကွင်း၌ ဗုံးပေါက်ကွဲမှုကာ က‌လေး တစ်ဦး ဒဏ်ရာရ

0
315

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့တွင် စိန်ရတုလွတ်လပ် ရေးနေ့ အခမ်းအနားကျင်းပမည့် အားကစားကွင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကာ ကလေးငယ်တစ်ဦး ဗုံးစထိမှန် ဒ ဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာ (၂၆) ရက် ညပိုင်းက တောင်ငူမြို့ မိုင်ဒါအားကစားကွင်း အတွင်းရှိ လွတ်လပ်ရေးနေ့ ကျင်းပမည့် ပွဲခင်းဈေးအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကလေးငယ်တစ်ဦး ခြေထောက်တွင် ဗုံးစ ထိမှန် ခဲ့ကြောင်း သိရသည်။

” မနေ့က ည (၉) နာရီလောက် ကဖြစ်တာပေါ့။ ကြိုပြီးတော့ ဈေးသည်တွေ လာကြတာပေါ့။ ဒါပေမဲ့ (၉) နာရီလောက်ဆိုတော့ တချို့တွေက ပြန်ကုန်ပြီပေါ့။ ကားနဲ့ ချည်ထားတာလို့လည်း ပြောတယ်ဗျ။ ကားနောက်ဆုတ်လိုက်တဲ့အချိန်မှာ ထကွဲတာပေါ့။ ရှေ့ဘီး ဘယ်ဖက်ဘီး ပေါက်သွားတယ်။ ကားပေါ်မှာပါတဲ့ ကလေးတစ်ယောက် နည်းနည်း စင်သွားတာပေါ့။ စိုးရိမ်ရတဲ့ ဒဏ်ရာမဟုတ်ပါဘူး။ အနာတရ ဖြစ်သွားတာပေါ့” ဟု အဆိုပါ အားကစားကွင်းအနီးတွင်နေထိုင်သည့် တောင်ငူမြို့ခံတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသ ည်။

စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲကို လာမည့် ဇန်န ဝါရီ (၁) ရက်မှ ဇန်နဝါရီလ (၁၀) ရက်အထိ ကျင်းပမည်ဖြစ်ပြီး လက်ရှိတွင် ဈေးသည်များ ကြိုတင်ရောက်ရှိနေကာ ပြည်သူများကသွားရောက်နေကြခြင်း ဖြစ်ကြော င်းသိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် က လေးငယ်အား အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့များမှု ဆေးထည့်ကာ ကူညီပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ညက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ယနေ့ တွင် ဈေးသည်များမှာ ပုံမှန်အနေအထားဖြင့် ရှိနေပြီး လွတ်လပ်ရေးအထိမ်းအမှတ်အခမ်းအနားများကိုလည်း လုံခြုံရေးတင်းကျပ်ကာ ဆက်လက်ကျင်းပသွားမည့် အခြေအနေတွေ့ရကြောင်း ဒေသခံများထံက သိရသည်။

” စည်မယ်လုပ်တုန်းထဖြစ်တော့ နည်းနည်းတော့ လန့်ကုန်တာပေါ့ ။ လုံခြုံရေး တင်းကြပ်ပြီးတော့ ဆက်လုပ်မယ်ထင်တယ်။ ဒါပေမဲ့ ဒီည တစ်ချက်တော့ စောင့်ကြည့်ရမှာပေါ့။ ဆက်လုပ်မလုပ် ၊ ဒီအတိုင်းပဲ ပုံမှန်ပဲ သွားမလားပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်း မသိရသေးသည့်အပြင် PDF များကလည်း ပွဲလမ်းသဘင်အခမ်းအနားများ မပြုလုပ်ရန်နှင့် ပြည်သူများအနေဖြင့် လူစည်ကားရာနေရာများသို့ မသွားလာကြရန် သတိပေးစာများ ထုတ်ထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

နစကအနေဖြင့် လာမည့် ဇန်နဝါရီ (၄) ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေခြင်းလည်းဖြစ်သ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here