Online တွင် ဆီးချိုရောဂါကုသဆေးဟု ကြော်ငြာနေသော Gluco Pro သည် ဘေးအန္တရာယ်ကင်းရှင်းမှုအာမခံချက်မရှိဟုထုတ်ပြန်

0
376

Online စျေးကွက်တွင် ဆီးချိုရောဂါကုသဆေးဟု ကြော်ငြာရောင်းချနေသည့် Gluco Pro နှင့်ပတ် သက်၍ ကျန်းရေးဝန်ကြီးဌာနမှ ဒီဇင်ဘာ ၂၇ ရက် (ယနေ့)တွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

အဆိုပါ Gluco Pro သည် ဆီးချိုရောဂါကုသရန်ဆေးဝါးလုံးဝ(လုံးဝ)မဟုတ်သည့်အပြင် အမျိုး သားအစားအသောက်ဥပဒေအရ FDA ကစိစစ်ထားသည့် အစားအသောက်/ဖြည့်စွက်စာမဟုတ်ဟုလည်း အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် Gluco Pro သည် အရည်အသွေးဘေး အန္တရာယ်ကင်းရှင်းမှု လုံးဝ(လုံးဝ)အာမခံချက်မရှိဟု ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here