BIGBANG အဖွဲ့မှ Taeyang နှင့် Daesung YG Entertainment မှထွက်ခွာ၊ အေဂျင်စီအသစ်နှင် လက်တွဲ

0
298

နာမည်ကျော် ကေပေါ့ အဆိုတော်အဖွဲ့ဖြစ်သည့် BIGBANG မှ အဖွဲ့ဝင်နှစ်ဦးသည် အချိန်ကာလ ကြာမြင့်စွာ လက်တွဲလာခဲ့သော YG Entertainment အေဂျင်စီမှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရ‌သည်။

Daesung သည် ၎င်း၏ အေဂျင်စီမှ ထွက်ခွာနေပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၂၆ ရက် တနင်္လာနေ့တွင်‌ YG Entertainment က ပြောကြားခဲ့ပြီးနောက် မကြာမီ အဖွဲ့ဝင် Taeyang သည်လည်း အေဂျင်စီအသစ်နှင့် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ယခုအခါ အဖွဲ့ဝင်နှစ်ဦးစလုံးသည် THEBLACKLABEL အေဂျင်စီနှင့် လက်မှတ်ရေးထိုးထားပြီ ဖြစ်သည်။

Taeyang နှင့် Daesungတို့သည် BIGBANG ၏ အဖွဲ့ဝင်များ ဖြစ်နေဆဲဖြစ်ကြောင်း YG Entertainment က အလေးပေးပြောကြားခဲ့သည်။

BIGBANG ၏ နောက်ဆုံးအဖွဲ့ဝင်ဖြစ်သော G-Dragon နှင့်လည်း စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ၎င်းကဆိုသည်။

“Daesung ဟာ ကျွန်တော်တို့နဲ့ စာချုပ်ထပ်မချုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ သူဟာ အဆိုလောကဆီ ပုံစံအသစ်နဲ့ ပြန်ဝင်လာဖို့ အခွင့်အရေးတစ်ခု ရှာဖွေနေပါတယ်။ ဒယ်ယန်းဟာ BIGBANG အဖွဲ့ဝင် ဖြစ်နေသေးတယ်ဆိုတဲ့ အချက်က မပြောင်းလဲသေးပါဘူး။ Daesung ရဲ့ရွေးချယ်မှုကို အားပေးနေပြီး သူနဲ့အတူ ပူးပေါင်းဖို့ အမြဲတမ်း တံခါးဖွင့်ထားပါတယ်” ဟု အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ထယ်ယန်း၏ ထွက်ခွာမှုအပေါ်ကိုလည်း အေဂျင်စီက ထယ်ယန်းသည် အေဂျင်စီအသစ်နှင့် လက်တွဲရန် ပြင်ဆင်နေပြီဆိုသည့် သတင်းကို ဝမ်းမြောက်စွာဖြင့် ကြေညာလိုက်ပါကြောင်း ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here