ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အစီ အစဉ် ၈ ရပ်ကို နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့တို့ ဆွေးနွေးအတည်ပြုခဲ့

0
250

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ဒီဇင်ဘာ ၂၇ ရက်နံနက်ပိုင်းက နေပြည်တော်၌တွေ့ဆုံ၍ ဆွေးနွေးအတည်ပြုခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်တိုင်း ရင်းသားလက်နက်ကိုင် ၅ ဖွဲ့ကိုယ်စား ပအိုဝ်းအ မျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နာယ က ဖြားတန်ခွန်ဥက္ကာတို့က နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ဆွေး နွေးမည့်အစီအစဉ်များကို အသေးစိတ်ညှိနှိုင်း၍ အစီအစဉ် ၈ ရပ်အား သဘောတူအတည်ပြုခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စု အစိုး ရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ နစက ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်အတူ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်၊ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းနှင့်ဗိုလ်မှူးကြီးဝဏ္ဏအောင်တို့တက်ရောက်ခဲ့ကြသည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နာယက ဖြားတန်ခွန်ဥက္ကာ၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒု-ဥက္ကဋ္ဌစောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)စစ်ဦးစီးချုပ် စောစတီး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒု-ဥက္ကဋ္ဌဒေါက်တာနော်ကပေါ်ထူး၊လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) ဒု-ဥက္ကဋ္ဌကျာဖူးနှင့်ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲ ဒုတိယနေ့အား ဒီဇင်ဘာ ၂၈ ရက်(ယ နေ့)တွင် နှစ်ဖက်သဘောတူအတည်ပြုထားသည့် အစီအစဉ်များအတိုင်း ဆက်လက်ဆွေးနွေးညှိ နှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here