အမေရိက၌ ဆောင်းမုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၅၀ ကျော်လာပြီဖြစ်

0
98

ဘတ်ဖဲလိုး/ နူးယော့ခ်၊ ဒီဇင်ဘာ ၂၈

အမေရိကန်နိုင်ငံတွင် ခရစ္စမတ် အားလပ်ရပ်များအတွင်း ဆောင်းရာသီမုန်တိုင်းကြောင့် လူဒါဇင်နှင့်ချီ သေဆုံးနေပြီး အချို့မှာ မုန်တိုင်းအတွင်း ကားထဲ၌ နာရီပေါင်းများစွာ ပိတ်မိနေခဲ့ကြောင်း ပြောကြားလာခဲ့သည်။

အမေရိကန်နိုင်ငံတွင် သေဆုံးမှု အများဆုံးဖြစ်ပွားနေသော နူးယော့ခ်ပြည်နယ် အဲရီ စီရင်စုတွင် နောက်ထပ်လူတစ်ဦး သေဆုံးကြောင်းကို အရာရှိများက အတည်ပြုပြီးနောက် ယခုနှစ်အတွင်း ဆောင်းရာသီမုန်တိုင်းကြောင့် သေဆုံးသူဦးရေမှာ အနည်း ၅၀ ဦးအထိ ရှိလာခဲ့သည်။

ထိုသေဆုံးမှုများထဲမှ အများစုမှာ ယာဉ်မတော်မဆများကြောင့် ဖြစ်ကြောင်း သိရသည်။

အပူချိန်များ ကျဆင်းလာသောကြောင့် ပုံမှန်ခရီးဝေး အလုပ်ဆင်းသူများနှင့် ခိုက်ခိုက်တုန်အောင် အေးနေသော နေအိမ်များမှ ထွက်ခွာလာသူ အချို့မှာ အဝေးပြေးလမ်းမများပေါ်တွင် ပိတ်မိနေပြီး ကယ်ဆယ်၍ မရ ဖြစ်နေသည်ဟုလည်း သိရသည်။

အသက် ၂၂ နှစ် အရွယ် ဘတ်ဖဲလိုး မြို့သူ အန်ဒယ် တေလာသည် အလုပ်မှ အိမ်သို့ ပြန်လာစဉ် ကားထဲတွင် ပိတ်မိကာ သေဆုံးသွားကြောင်း သူ၏ မိသားစုဝင်တစ်ဦးက ပြောပြလာခဲ့သည်။

တေလာ မသေဆုံးမီ ပို့လာသော ဗီဒီယိုတွင် သူ၏ ကားသည် ပြတင်းပေါက်အထိ ဆီးနှင်းများဖြင့် ဖုံးအုပ်နေသည်ကို တွေ့ရှိရသည်။

ကယ်ဆယ်ရန် သွားခဲ့သော အရေးပေါ် ကယ်ဆယ်ရေးသမားများသည်လည်း သူတို့ပါ ပိတ်မိနေခဲ့ပြီး ၁၈ နာရီအကြာမှ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်၍ သေဆုံးသည်ဟု ယူဆရသော တေလာကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မြောက်ကာရိုလိုင်းနားရှိ သူ၏မိသားစုက ဒေသတွင်း ရုပ်မြင်သံကြားဌာန WSOC-TV သို့ ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here